နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် မှိုနက်ရောဂါဖြစ်ပွားသူဦးရေ တစ်သောင်းကျော်ရှိလာ

နယူးဒေလီ   ဇွန်  ၃

အိန္ဒိယနိုင်ငံတွင် mucormycosis သို့မဟုတ်   မှိုနက်ရောဂါ ဖြစ်ပွားသူ ဦးရေ မှာ ၁၁,၇၁၇ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း ဓာတုဗေဒနှင့် ဓာတ်မြေဩဇာဆိုင်ရာ ဝန်ကြီး D. V. Sadananda Gowda က ပြောကြားခဲ့သည်။

ဂူဂျရတ်ပြည်နယ်သည် အဆိုပါ ရောဂါဖြစ်ပွားသူ ၂,၈၅၉ ဦးရှိရာ ရောဂါ ဖြစ်ပွားမှုစာရင်းတွင် ထိပ်ဆုံး၌ရှိနေ ကြောင်း၊ ယင်းနောက်တွင် မဟာရတ်ရှ် ထရာပြည်နယ်က ၂,၇၇၀ ဦး ဖြစ်ရပ် တည်နေကြောင်း Gowda အရ သိရ သည်။
အဆိုပါ ရောဂါသည် COVID-19 ရောဂါတိုက်ဖျက်နေရသည့် အိန္ဒိယနိုင်ငံ အတွက် စိန်ခေါ်မှုအသစ်တစ်ခုလည်း ဖြစ်လာခဲ့သည်။

 အိန္ဒိယနိုင်ငံ ထိပ်တန်းကျန်းမာရေး သုတေသနအဖွဲ့ဖြစ်သော အိန္ဒိယဆေး သုတေသနကောင်စီ (ICMR) က mucormycosis ရောဂါသည် ပတ်ဝန်း ကျင်ဆိုင်ရာ ရောဂါဖြစ်ပွားစေသော ပစ္စည်းကို တိုက်ဖျက်နိုင်စွမ်း အားနည်း သည့် အခြားသောကျန်းမာရေးပြဿနာ ရှိနေသူများအား အဓိကကူးစက် တတ် သည့် မှိုရောဂါကူးစက်မှုတစ်မျိုး ဖြစ် ကြောင်း ပြောကြားခဲ့သည်။

Mucormycosis ရောဂါလက္ခဏာ အချို့မှာ မျက်လုံး သို့မဟုတ် နှာခေါင်း တဝိုက်နာကျင်ခြင်းနှင့် နီရဲခြင်း၊ ဖျား ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အော့အန်စဉ်သွေး ပါခြင်းနှင့် စိတ်အပြောင်းအလဲမြန်ခြင်း တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှာပိတ်ခြင်း၊ ဦးနှောက်နှင့် အဆုတ်တို့တွင် ထိခိုက်စေပြီး ဆီးချို ရောဂါသည် သို့မဟုတ် ကင်ဆာရောဂါ သို့မဟုတ် HIV/AIDS ကဲ့သို့ ကိုယ်ခံအား ဆိုးဆိုးဝါးဝါး ထိခိုက်ခံစားရသူများတွင် မူ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ကျန်းမာရေး ကျွမ်းကျင်သူများကပြော သည်။             
 မျိုးဝင်း(ref; Xinhua)






အခြားဆက်စပ်သတင်းများ