နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံကွမ်ကျိုးတွင် အိန္ဒိယမျိုးကွဲ Covid ဗိုင်းရပ်စ်ကို ရောဂါကူးစက်ခံရသူများတွင် စတငတွေ့ရှိ ဘေကျင်း

ဇွန် ၂ 


တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ကျိုး မြို့တွင် မေလတတိယပတ်က စတင် တွေ့ရှိခဲ့သည့် ကူးစက်မြန် COVID-19 မျိုးစိတ်နှင့် မျိုးရိုးဗီဇမှာ အိန္ဒိယတွင် ပထမဆုံးတွေ့ရှိခဲ့သည့်  မျိုးရိုးဗီဇနှင့်တူ ညီနေကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

 

ဂွမ်ဒေါင်းပြည်နယ်၏ မြို့တော် ကွမ် ကျိုးတွင် COVID-19 စစ်ဆေးသည့် ဒေသများကိုတိုးချဲ့ခဲ့ပြီး ဒေသတွင်းကူး စက်မှု အများဆုံးတွေ့ရသည့် လီဝမ် ခရိုင် ၊ ယူးရှီးခရိုင် ၊ ဟေးဇူလ်ခရိုင်နှင့် အဓိကဧရိယာများဖြစ်သည့် တီရန်ဟေ၊ ဘေယန်နှင့် ဖန်ယူခရိုင်များသို့ တိုးချဲ့ခဲ့ ကြောင်း ဒေသခံ ကျန်းမာရေးအာဏာ ပိုင်များက ပြောသည်။

 

COVID-19 ကူးစက်မှုများ မကြာ သေးမီက တစ်ကျော့ပြန်လာစဉ် မေလ တတိယပတ်မှစ၍ COVID-19 ကူး စက်ထားသူ ၅ ဦးနှင့် ကူးစက် လက္ခဏာ မပြသည့် ရောဂါကူးစက်ခံရသူ ၂၁ ဦး ကို တွေ့ရှိပြီးနောက် မြို့ကိုပိတ်ဆို့ထား ကြောင်း သိရသည်။

ရဲခေါင် (ref; CNA)






အခြားဆက်စပ်သတင်းများ