ဇွန် ၂
လျှိုမြှောင်သုံးသွယ်ဆည် ပြီးလျှင် ကမ္ဘာတွင် ဒုတိယအကြီးမားဆုံး ရေအား လျှပ်စစ်စက်ရုံဖြစ်သော တရုတ်နိုင်ငံမှ ဘိုင်ဟက်တန် ရေအားလျှပ်စစ်စက်ရုံ၏ ပင်မအဆောက်အအုံကို ဇွန် ၁ ရက်တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရ သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် နင်းနန်ခရိုင်နှင့် အိမ်နီး ချင်း ယူနန်ပြည်နယ် ကျီအာကျားခရိုင် တို့တွင်တည်ရှိသော ထိုဆည်ကို ယန်စီ မြစ်အထက်ပိုင်း ကျင်းရှမြစ်တွင်တည် ဆောက်ထားသည်။
ကီလိုဝပ် ၁၆ သန်း ထုတ်လုပ်နိုင် သော ထိုရေအားလျှပ်စစ်စက်ရုံသည် တစ်နှစ်လျှင် လျှပ်စစ်ဓါတ်အား ၆၂ ဘီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်နိုင် ကာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ် မှုကို ၅၁.၆ သန်းတန် လျှော့ချနိုင်မည် ဖြစ်သည်။
စက်ရုံ၏ ပထမအပိုင်းသည် ယခုနှစ် ဇူလိုင်လတွင် စတင်လည်ပတ်ပြီး ၂၀၂၂ နှစ်ကုန်တွင် အပြည့်အဝစတင် လည် ပတ်မည်ဖြစ်သည်။
မျိုးဝင်း (ref; CNN)