ဇွန် ၂
ဆိုးရွားသော စစ်ရေးလှုံ့ဆော်မှုနှင့် ပိတ်ဆို့ မှုများအတွက် လက်တုံ့ပြန်သည့် အနေဖြင့် ဆော်ဒီအာရေဗျတောင်ပိုင်း အာရှာရှိ ဆော်ဒီ အဓိကလေတပ်အခြေ စိုက်စခန်းကို ယီမင်လက်နက်ကိုင် တပ်ဖွဲများနှင့် မဟာမိတ်ပေါ်ပြုလာ ကော်မတီ တိုက်ခိုက်ရေးသမားများ က မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက် ခိုက်မှုကို စတင်ခဲ့ကြောင်း သိရသည်။
ယီမင်လက်နက်ကိုင် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ယာ ယာဆာရေးက သူ၏တွစ်တာ စာမျက်နှာ တွင် ပြည်တွင်းထုတ် Qasef-2K (Striker-2K) တိုက်ခိုက်ရေးမောင်းသူမဲ့ လေယာဉ်ကို ဆော်ဒီနိုင်ငံ၊ ခါမစ်မူရှိက် အနီးရှိ King Khalid လေတပ်အခြေစိုက် စခန်းအတွင်း သတ်မှတ်ထားသော ပစ် မှတ်များကို ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုသည် ရီယာဒ့်၏ စစ်ရေးအရဆက်လက်ကျူးကျော်မှုနှင့် ယီမင်အပေါ်ရက်စက်စွာ ဝိုင်းရံပိတ်ဆို့မှုကို တုန့်ပြန်မှုသာဖြစ်ကြောင်း ပြောကြား သည်။
ယခုတိုက်ခိုက်မှုမှာ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် မဟာမိတ်များ၏တိုး တက်လာမှုဖြစ်ပြီး Qasef-2K မောင်းသူမဲ့လေယာဉ်နှစ်စင်းကို အသုံးပြုပြီး လေယာဉ် ပျံတစ်စင်းကိုတိုက်ခိုက်ပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ မျိုးဝင်း (ref;Reuters)