ဇွန် ၂
ပါကစ္စတန်နိုင်ငံ၊ အရှေ့ပိုင်း ပန်ဂျပ် ပြည်နယ်တွင် မေ ၃၁ ရက်၊ ညနေ ပိုင်းက မိုးရွာသွန်းခြင်းနှင့်ဆက်စပ်သော ဖြစ်ရပ်များအတွင်း လူ ၁၀ ဦးထက် မနည်း သေဆုံးကာ အခြားသူ ၃ ဦး ဒဏ် ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာများက ဇွန် ၁ ရက်က ထုတ်ပြန်ခဲ့သည်။
ပန်ဂျပ်ပြည်နယ်၊ အိုကာရာမြို့ရှိ Tariq Abad နယ်မြေတွင် မုန်တိုင်းတိုက် ခတ်စဉ် ခေါင်မိုးပြိုကျခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။
အခင်းဖြစ်ရာနေရာသို့ ဒေသခံများ နှင့် ကယ်ဆယ်ရေးအဖွဲ့များ ချက်ချင်း ရောက်ရှိလာခဲ့ပြီး သေဆုံးသူများအား သယ်ဆောင်သွားသလို ဒဏ်ရာရသူများ အား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။
သေဆုံးသူများမှာ အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၄ ဦးနှင့် အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ဒဏ်ရာရသူများကိုမသိ ရသေးကြောင်း၊ အိုကာရာခရိုင်၊ Hujra Shah Muqeem နယ်မြေတွင်မူ အမျိုးသား ၁ ဦး လမ်းလျှောက်နေစဉ် ယင်းအပေါ်သို့ နံရံပြိုကျသဖြင့်သေဆုံး သွားကြောင်း ထုတ်ပြန် ထားသည်။
ထပ်မံ သေဆုံးသူ အမျိုးသားတစ်ဦး မှာမူ ယင်းပြည်နယ်ရှိ Toba Tek Singh ခရိုင်တွင်ဖြစ်ပြီး မိုးကြိုးပစ်ခံရခြင်း ကြောင့် ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံတစ်ဝန်း ဒေသ အတော်များများ၌ လေပြင်းတိုက်ခတ် ခြင်းနှင့်အတူ မိုးသက်မုန်တိုင်းများဖြစ် ပေါ်နိုင်ကြောင်း ပါကစ္စတန် မိုးလေဝသ ဌာနက ခန့်မှန်းထားကြောင်း သိရသည်။
မျိုးဝင်း (ref; Xinhua)