နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေတန်ယာဟု မပါဝင်သော အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရန် အစ္စရေး နီးစပ်လာဟုဆို ဂျေရုဆလင်

ဇွန် ၂ 

အစ္စရေးနိုင်ငံရေး အင်အားစုများ သည် လက်ရှိဝန်ကြီးချုပ် နေတန်ယာဟု ၏ ၁၂ နှစ်ကြာ ကြီးစိုးလွှမ်းမှုခဲ့မှုများကို အဆုံးသတ်ပြီး နေတန်ယာဟု မပါဝင် သည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းနေပြီဖြစ်ကြောင်း သိရသည်။ 


အစ္စရေး လက်ယာစွန်းရောက် အမျိုး သားရေးဝါဒီခေါင်းဆောင် နတ်ဖ်တာလီ ဘန်းနက်က ယင်းအနေဖြင့် ညွန့်ပေါင်း အစိုးရဖွဲ့စည်းရာတွင် ပူးပေါင်းပါဝင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြားထားပြီး နိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး အုပ်စိုးသူဖြစ်နေသည့် နေတန်ယာဟုကို လက်ရှိ နည်းလမ်းနှင့် သာ ဖြုတ်ချနိုင်လိမ့်မည် ဖြစ်ကြောင်း ဘန်းနက်က ယုံကြည်ထားသည်။ 


နေတန်ယာဟုကို အလိုမရှိသည့် ဥပဒေပြုအမတ်များသည် ဂါဇာကမ်း မြောင်ဒေသတွင် စစ်ပွဲဖြစ်ပွားနေစဉ်အ ချိန်ကတည်းက ဝန်ကြီးချုပ် နေတန်ယာဟု ကို ပြင်းပြင်းထန်ထန်သတိပေးစကား ဆိုခဲ့ပြီး ဇွန်လ ၂ ရက် နောက်ဆုံးထား ကာ လာရောက် ဆွေးနွေးရန်အချိန်သတ် မှတ်ပေးထားပြီဖြစ်ကြောင်း သိရသည်။ 


ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း နိုင်ငံရေးမငြိမ်သက်မှုများကို အကြောင်း ပြပြီး ရွေးကောက်ပွဲ ကျင်းပမပေးဘဲ အာဏာချုပ်ကိုင်ထားသည့် ဝန်ကြီးချုပ် နေတန်ယာဟုကို သစ္စာဖောက်ဖျက်မှု၊ ယုံကြည်မှုကို အလွဲသုံးစားပြုမူမှု၊ လာဘ် ပေးလာဘ်ယူမှု များနှင့် အမှုစွဲဆိုထားပြီး မကြာခင်က ဖြစ်ပွားခဲ့သည့် အစ္စရေး-ပါလက်စတိုင်း    ပဋိပက္ခမှာလည်း ဝန်ကြီးချုပ် နေတန်ယာဟု၏ နိုင်ငံရေး အမြတ်ထုတ်မှုတစ်ခုသာ  ဖြစ်သည်ဟူ သော စွပ်စွဲချက်များလည်း ထွက်ပေါ် လျက်ရှိသည်။     

ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ