နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရန် - အာဖဂန်မီးရထားလမ်းစီမံကိန်းအနီးတွင် ဗုံးပေါက်ကွဲသဖြင့် အာဖဂန်အစောင့်တပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံး

ကဘူးလ်  ဇွန် ၁

အီရန်နိုင်ငံအရှေ့ပိုင်းနှင့် အာဖဂန် နစ္စတန်နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ် သို့ ဆက်သွယ်ရန်ဖောက်လုပ်နေသည့် ရထားလမ်း၏အနီးတွင် လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့သည်။

အဆိုပါသေဆုံးသူ ၆ ဦးစလုံးမှာ ဂိုရမ်ခရိုင်အတွင်း ဖောက်လုပ်နေသည့်ရထား လမ်းကို  စောင့်ကြပ်နေသည့် အာဖဂန်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဟီရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဝါဒီကွာယတာလီက ပြောသည်။
ကီလိုမီတာ ၂၂၅ အရှည်ရှိသည့် နယ် စပ်ဖြတ်ကျော်ရထားလမ်း ပြီးစီးသည့်အခါ အီရန်မြို့ ခက်ဖ်နှင့် အာဖဂန်အနောက်ပိုင်းမြို့တော် ဟီရတ်ကို ဆက်သွယ်နိုင်ရန် ရည်ရွယ်ထားသည်။

ယင်း ဆောက်လုပ်ရေးစီမံကိန်းကို  အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ ရထားလမ်း နှင့် အာဖဂန်မီးရထားအာဏာပိုင်တို့က စီမံခန့်ခွဲမည်ဖြစ်ကာ ရထားလမ်း၏အပိုင်း ကို အီရန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ချန်ဘာဟာအထိချဲ့ထွင်ရန် စီစဉ်ထားပြီး အာဖဂန်နစ္စတန်ကို ဗဟိုအာရှ၊ ရုရှား၊ တူရကီနှင့် ဥရောပတို့နှင့် ဆက်သွယ်၍ ကုန်သွယ်မှု တိုးတက်စေရန်ခွင့်ပြုမည်ဟု ရည်ရွယ်ထားကြခြင်း ဖြစ်သည်။

အလားတူ  မေလကုန်ပိုင်းတွင် အာဖဂန်နစ္စတန်၏ အခြားတစ်နေရာ ဖြစ်သည့် ကာပီဆာ (Kapisa) ပြည်နယ်ရှိ  မင်္ဂလာဆောင်ပွဲတစ်ခုတွင်လည်း မော်တာ ကျည်ဆန်တစ်ခု ကျရောက်သဖြင့် လူ ၇ ဦး အနည်းဆုံး သေဆုံးခဲ့သည်။
ရဲခေါင် (ref;CNA)






အခြားဆက်စပ်သတင်းများ