နယူးယောက် ဇွန် ၁
ဖလော်ရီဒါပြည်နယ် မိုင်ယာမီ မြောက်ပိုင်းရှိ Hialeah အမည်ရှိ ဘိလိယက် ကလပ်တစ်ခု အပြင်ဘက်တွင် ဖြစ်ပွားခဲ့ သော ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံး ပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း မီယာမီရဲတပ်ဖွဲ့က ပြောကြားလိုက် သည်။
စီအန်အန်သတင်း ဖော်ပြချက်အရ ဖြစ်ပွားသည့်နေရာတွင် ပြုလုပ်နေသည့် ဖျော်ဖြေပွဲ လူစုလူဝေးထဲသို့ နစ်စန်း အမျိုးအစား မော်တော်ကားဖြင့် ရောက်ရှိ လာသည့် လူသုံးဦးက ကားတံခါးဖွင့်ပြီး နောက် တိုက်ခိုက်ချေမှုန်းရေး သေနတ် များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်။
ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၂၀မှ ၂၅ ဦးထိရှိပြီး အနီးနားရှိဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိသူတစ်ဦး ၏အခြေအနေမှာ စိုးရိမ်ရဖွယ်ရှိကြောင်း သိရသည်။
ဖလော်ရီဒါတွင် ယခုနှစ်ပထမ ၁၃၂ ရက်အတွင်း အစုလိုက်အပြုံလိုက်ပစ် ခတ်သည့်ဖြစ်ရပ်ပေါင်း အနည်းဆုံး ၂၀ဝ ခန့်ဖြစ်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများ တွင် ဖော်ပြထားသည်။
မျိုးဝင်း (ref;CNN)