နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် လေကြောင်းလိုင်းများတွင် တစ်ခါသုံး ပလတ်စတစ် အသုံးပြုမှု တားမြစ်မည်

ပေကျင်း  ဇွန် ၁

တရုတ်နိုင်ငံက လာမည့်နှစ်အတွင်း ပြည်တွင်း လေကြောင်းလိုင်းများတွင် တစ်ခါသုံး ပလတ်စတစ်ထုပ်ပိုးအိတ် များ၊ ပန်းကန်ခွက်ယောက်များနှင့် ပိုက်များ အသုံးပြုခြင်းကို တားမြစ်သွား မည်ဖြစ်ကြောင်း  တရုတ်မြို့ပြလေ ကြောင်း စီမံခန့်ခွဲမှုဦးစီးဌာနက ပြော ကြားလိုက်သည်။

လာမည့်နှစ်တွင် နှစ်စဉ်ခရီးသည် အနည်းဆုံး ၂  သန်း  ဆောင်ကြဉ်းပေးသော လေဆိပ်များတွင် ယင်းကဲ့သို့ အသုံး ဆောင်များ အသုံးပြုခြင်းကိုလည်းရပ် တန့်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် တွင် လေဆိပ်မျာအားလုံးနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများအား တိုးချဲ့သွား မည်ဖြစ်ကြောင်း   မြို့ပြလေကြောင်း စီမံ ခန့်ခွဲမှုဦးစီးဌာနကပြောကြားခဲ့သည်။
ထိုသို့ တားမြစ်မှုသည် မြို့ပြလေ ကြောင်းဦးစီးဌာနမှ ပလတ်စတစ် ညစ် ညမ်းမှုထိန်းချုပ်ရန် ထုတ်ပြန်ထားသော ငါးနှစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်း လည်း ဖြစ်သည်။
၂၀၂၅ ခုနှစ်မတိုင်မီ မြို့ပြလေကြောင်း လုပ်ငန်းတွင် မဆွေးမြေ့နိုင်သောတစ်ခါ သုံး ပလတ်စတစ်များ အသုံးပြုခြင်းကို ၂၀၂၀ ပြည့်နှစ်အဆင့်မှ သိသိသာသာ လျှော့ချသွားမည်ဖြစ်ကြောင်း အစီအစဉ် အရ သိရသည်။

တရုတ်နိုင်ငံရှိ လေကြောင်းလိုင်း များတွင် ကုမ္ပဏီအချို့က တစ်ခါသုံး ပလတ်စတစ် ပန်းကန်ခွက်ယောက်များ နေရာတွင် ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများနှင့် လေယာဉ်ပေါ်တွင် အမှိုက်အမျိုးအစားခွဲခြားခြင်း စမ်းသပ် ဆောင်ရွက်ခြင်းဖြင့်  အစိမ်းရောင်အသွင် ကူးပြောင်းမှု စတင်ဆောင်ရွက်လျက်ရှိ ပြီဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ