ဝါရှင်တန် ဇွန် ၁
အမေရိကန်အခြေစိုက် Gilead Sciences နှင့် Mylan တို့ကဲ့သို့သော ဆေးဝါး လုပ်ငန်းများသည် Black Fungus ကုထုံးအတွက် လွန်စွာအရေးပါ သည့် မှိုတိုက်ဖျက်ဆေး AmBisome (Amphotericin B injection) ထိုး ဆေးတစ်သန်းပေးပို့မည်ဖြစ်သည်။
အိန္ဒိယတွင် ထိုဆေးများ ပြတ်လပ် နေပြီး ရှားပါးမှိုရောဂါတစ်မျိုး ဖြစ်ပွား မှု မြင့်တက်လျက်ရှိသည်။ AmBisome ဆေးနှစ်သိန်းမှာ အိန္ဒိယသို့ ရောက်ပြီဖြစ် ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် တာရန်ဂျစ်ဆန်ဒူးက တနင်္ဂနွေနေ့က ကြေညာထားသည်။
ကမ္ဘာတစ်ဝန်းမှ အိန္ဒိယသံရုံးများ သည် အဆိုပါ အသက်ကယ်ဆေးများ ဝယ်ယူရန် ကြိုးစားနေသောကြောင့် Gilead က ထိုဆေးများကို အိန္ဒိယသို့ ပေးပို့ခြင်း ဖြစ်သည်။
Gilead သည် အိန္ဒိယသို့ပေးပို့ရန် ထိုဆေးထုတ်လုပ်မှု အရှိန်မြှင့်တင်နေပြီး ဆေးတစ်သန်းပြည့်သည်အထိ ပေးပို့ မည်ဖြစ်သည်။ Black Fungus သို့မဟုတ် Mucormycosis ရောဂါဖြစ်ပွားမှုမြင့် တက်နေသောကြောင့် အိန္ဒိယအစိုးရ သည် Amphotericin B ထုတ်လုပ်မှုကို ပြည်တွင်းတွင်လည်း အရှိန်မြှင့်နေ သည်။
ထိုမှိုရောဂါသည် Covid-19 လူနာ များကို အခြေအနေ ဖရိုဖရဲဖြစ်စေ သည်။ ပြည်နယ်အများအပြားတွင် ထို ရောဂါသည် ကူးစက်ရောဂါဖြစ်ကြောင်း ကြေညာထားသည်။
ရဲခေါင် (ref;AFP)