နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မလေးရှားတွင် လော့ခ်ဒေါင်းကာလအတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားများကို လိုက်လံဖမ်းဆီးမည်

ကွာလာလမ်ပူ  ဇွန် ၁

လှုပ်ရှားသွားလာခွင့် ပိတ်ပင်တား မြစ်သည့်  လော့ခ်ဒေါင်းအမိန့်သက် ရောက် နေစဉ်ကာလအတွင်း  အထောက် အထားမဲ့ နိုင်ငံခြားသားများကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ရဲတပ်ဖွဲ့ နှင့်ပူးပေါင်းပြီး လိုက်လံဖမ်းဆီးအရေး ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှား  လူဝင်မှုကြီးကြပ်ရေးဌာန အနေဖြင့် အထောက်အထားမဲ့ နိုင်ငံခြား သားများကို လိုက်လံဖမ်းဆီးမည့်ကိစ္စ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်အသိပေးခဲ့ပြီး   ဖမ်းဆီးမှုကို    မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၊ မလေးရှားရဲတပ်ဖွဲ့နှင့်အတူ နိုင်ငံတော် မှတ်ပုံတင်ဌာနက ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို ထားရှိရန်အ တွက် အကျဉ်းထောင်များအဆင်သင့် ပြင်ထားပြီးပြီ ဖြစ်ကြောင်း၊ လှုပ်ရှားသွား လာမှု ပိတ်ပင်တားမြစ်သည့် လော့ခ် ဒေါင်းအမိန့်ကာလအတွင်း ရဲအင်အား ပမာဏကို ငါးသောင်းခွဲအထိ ထားရှိပြီး တာဝန်ယူထိန်းသိမ်းသွားမည်  ဖြစ် ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး ဟမ်ဇား ဇိုင်နွန်ဒင်က ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် Roadblocks လမ်းပိတ်ဆို့မှု ၈၀ဝ ကျော်ထားရှိသွား မှာဖြစ်ပြီး လက်ရှိအချိန်တွင် ၆၀ဝ နီးပါး ကို စနစ်တကျ စီစဉ်ပြီးပြီဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။       ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ