နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိုးလောက်လမ်း နှိမ်နင်းရေး

သွေးလွန်တုပ်ကွေးရောဂါသည် ဗိုင်းရပ်စ်ပိုးကိုသယ်ဆောင် ထားသည့် အေးဒီးစ်ခြင် အကိုက်ခံရခြင်းကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။ အဆိုပါ ခြင်သည် နေ့အခါတွင် အစာရှာထွက်လေ့ရှိပြီး လူ၏အရေပြားမှ သွေးစုပ်ယူတတ်သည်။ အေးဒီးစ်ခြင်များ အကိုက်ခံရမှုကြောင့် ယင်းသယ်ဆောင်လာသော သွေးလွန် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့သွားပြီး ရောဂါကူးစက်ခံရ ခြင်းဖြစ်သည်။


သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသည့် ခြင်အမျိုးအစားဖြစ် သော်လည်း ဗိုင်းရပ်စ်ပိုးသယ်ဆောင်ထားမှသာလျှင် သွေးလွန် တုပ်ကွေးသည် အမှန်တကယ်ဖြစ်စေနိုင်သည်။ အဆိုပါခြင်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားနေသူတစ်ဦးကို ကိုက်ပြီး အခြားတစ်ဦး ကို ကိုက်မှသာလျှင် ရောဂါဖြစ်ပွားစေနိုင်သည်။ သွေးလွန်တုပ်ကွေး  ဖြစ်ပွားပါက အမြန်ဆုံးဆေးရုံသို့ သွားရောက်ကုသရန်အရေးကြီး သည်။


သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကာကွယ်ရန်အရေးကြီး ဆုံးသောအချက်မှာ မိမိတို့သားသမီးများ ခြင်အကိုက်မခံရအောင် အထူးသတိပြုကာကွယ်ခြင်းပင် ဖြစ်သည်။ နေ့ခင်းအိပ်စက်သည့် အခါ ခြင်ထောင်ဖြင့်အိပ်စက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါကိုဖြစ်စေသည့် ခြင်များ မိမိတို့အိမ်၊ ရုံး၊ ကျောင်းပတ်ဝန်းကျင်တွင် ပေါက်ပွားခြင်းမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ဟူသော ဆောင်ပုဒ်အတိုင်း ပိုးလောက်လမ်းနှိမ်နင်းရေးကို သတိပြုဆောင်ရွက်သင့်၏။


အထူးသဖြင့် သွေးလွန်တုပ်ကွေးရောဂါသည် ဆင်ခြေဖုံး ရပ်ကွက်များတွင် အဖြစ်များတတ်ပြီး ပိုးလောက်လမ်းနှိမ်နင်းရေး ကို တစ်လနှစ်ကြိမ်ဆောင်ရွက်သင့်သည်။ သွေးလွန်တုပ်ကွေး ရောဂါဖြစ်စေသည့် ခြင်သည် ရေကြည်ရေသန့်တွင် ပေါက်ပွားတတ် သောကြောင့် အိုးများ၊ ရေကန်များကို ဖုံးအုပ်ထားသင့်၏။ ပိုးလောက်လမ်းများ မပေါက်ပွားစေရန် သက်ဆိုင်ရာဌာနများက အဘိက်ဆေးခတ်ခြင်း၊ ခြင်ထောင်ဆေးစိမ်ခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိပတ်ဝန်းကျင်တွင် ချုံနွယ်အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ လေဝင်လေထွက် ကောင်းမွန်အောင် စီမံခြင်းတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့် သည်။ 


၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ပြည်နယ် နှင့် တိုင်းဒေသကြီးအသီးသီးရှိ အခြေခံပညာကျောင်းများ၌ တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများနှင့် မိသားစု များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ စစ်(ဌာနေ) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနိုင် ရေးဆောင်ရွက်ခြင်းနှင့်အတူ ကူးစက်ရောဂါကာကွယ်တားဆီး ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ