အိုတာဝါ မေ ၃၁
ကနေဒါရှိ အကြီးဆုံး ဘော်ဒါကျောင်း တစ်ကျောင်းအတွင်း မြေကြီးထဲ၌ ကလေး ငယ်ရုပ်အလောင်း ၂၀ဝ ကျော် တွေ့ရှိ ခဲ့ရသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ နိုင်ငံ့ သမိုင်းတွင်အမှောင်ကျပြီး ရှက်ဖွယ် ကောင်းသည့် ဖြစ်ရပ်တစ်ခုအကြောင်း ကနေဒါဝန်ကြီးချုပ်က ပြောဆိုလိုက် သည်။
အဆိုပါကျောင်းသည် ဗြိတိသျှကိုလံ ဘီယာပြည်နယ်ရှိ ကမ်လုအင်ဒီးယန်း ဘော်ဒါကျောင်းဖြစ်ပြီး ကျောင်း၏မြေ ကြီးအတွင်း ကလေးရုပ်အလောင်းပေါင်း ၂၁၅ ခုကို တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယင်းဘော်ဒါဆောင်မှာ ပတ်ဝန်းကျင် အသိုက်အဝန်းများမှ ဖယ်ထုတ်ခံရ သည့် ကလေးများကို လက်ခံထားရှိသည့် ကျောင်းတစ်ခုဖြစ်ပြီး တွေ့ရှိရသည့် ရုပ် အလောင်းများတွင် အချို့ကလေးများမှာ အသက် (၃) နှစ် အရွယ်ထက်ငယ်သူများလည်း ပါဝင်ကြောင်း ဘော်ဒါဆောင် အုပ်ချုပ်သူ အကြီးအကဲ ရိုဆာနာကက် ဆီမီယာက ပြောသည်။
အလောင်းများကို ကျောင်းမြေအား ဆာဗေးတိုင်းတာနေစဉ် ရေဒါပညာရှင် တစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသည့်အကြောင်းအရင်းကိုမူ အထောက် အထားများရှာ၍မရသေးကြောင်း ယင်းကဆက်ပြောသည်။
ကမ်လုစ်အင်ဒီးယန်း ကျောင်းသည် ၁၈၉၀ ခုနှစ်မှ ၁၉၇၈ခုနှစ် အထိဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး ကျောင်းသား ၅၀ဝ ကျော်အထိ အများဆုံးရှိခဲ့ဖူးကြောင်း သိရသည်။
မျိုးဝင်း (ref;Reuters)