နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူကုန်တင်သင်္ဘော မီးလောင်မှုကြောင့် အက်စစ်မိုးအန္တရာယ် သီရိလင်္ကာ သတိပေး

ကိုလံဘို  မေ ၃၁ 


သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်း ပင်လယ်ပြင်တွင် ဓာတုပစ္စည်းများ တင် ဆောင်လာသော ကုန်တင်သင်္ဘောတစ် စင်း မီးလောင်ပေါက်ကွဲမှုကြောင့် နိုင်ငံ တွင်း အက်စစ်မိုး ရွာသွန်းနိုင်ကြောင်း သီရိလင်္ကာနိုင်ငံ ရေကြောင်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အာဏာပိုင် အဖွဲ့က မေလကုန်ပိုင်းတွင် သတိပေး ထားသည်။


အဆိုပါ မီးလောင်ခဲ့သည့် ကုန်တင် သင်္ဘောမှာ စင်ကာပူနိုင်ငံအလံလွှင့်ထူထားသည့် X-PRESS PEARL အမည်ရှိ သင်္ဘောဖြစ်ပြီး နိုက်ထရစ် အက်စစ်များ အပါအဝင် ဓာတုပစ္စည်းများတင်ဆောင် လာခြင်းဖြစ်ကြောင်း သိရသည်။ 


ယင်းသင်္ဘောသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းအလွန် ရေပြင်ထဲတွင် မေ ၂၀ ရက်ကပင် စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ရာ သင်္ဘောသား ၂၅ ဦးကို ကယ်တင်ခဲ့ကြောင်း သိရသည်။ 


လတ်တလောကာလတွင် မုတ်သုံ ရာသီဖြစ်လာပြီဖြစ်ခြင်းကြောင့် အဓိက အားဖြင့် နိုက်ထရစ်အက်စစ် မီးလောင် ကျွမ်းသည့်အခိုးအငွေ့များသည်  အက်စစ်  မိုးတိမ်တိုက်ကို  ဖြစ်တည်စေနိုင်ခြင်း ကြောင့် အက်စစ်မိုးရွာမည်ကိုသတိထား ရန်လိုအပ်ကြောင်း သီရိလင်္ကာနိုင်ငံ ရေကြောင်း  သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး  အာဏာပိုင်အဖွဲ့မှ ဦးဆောင် သူတစ်ဦးက ပြောဆိုခဲ့သည်။ 


မိုးရွာသွန်းချိန်တွင် အက်စစ်မိုးကို သတိထားရမည်ဖြစ်သကဲ့သို့ လေစီး ကြောင်းများကြောင့် အဆိုပါ နိုက်ထရစ် အက်စစ်အခိုးအငွေ့များသည် သင်္ဘော မီးလောင်  ပေါက်ကွဲသည့်နေရာ၏ ပတ်ဝန်းကျင်ဒေသများသို့ ရွေ့လျား သွား နိုင်ကြောင်းလည်း ထပ်မံသတိပေး ပြောဆိုထားကြောင်း သိရသည်။ 

ရဲခေါင် (ref;AFP)






အခြားဆက်စပ်သတင်းများ