နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနှင့် ဗြိတိန်မျိုးကွဲနှစ်ခုပေါင်းစပ်ထားသည့် Covid ဗိုင်းရပ်စ်မျိုးကွဲသစ်ကို ဗီယက်နမ်တွင်တွေ့ရှိ

ဟနွိုင်း၊ မေ ၃၁


လေထဲတွင် အလျင်အမြန်ပြန့်နှံ့ကာ ပေါင်းစပ်ခဲ့သည့် အိန္ဒိယနှင့်ဗြိတိသျှ တို့၏မျိုးကွဲများ ပေါင်းစပ်ထားသည့် Covid-19 အမျိုးအစားသစ်ကို ဗီယက်နမ် တွင်တွေ့ရှိကြောင်း နိုင်ငံပိုင်မီဒီယာများ ၏ ဖော်ပြချက်များအရ သိရသည်။ 


အသစ်တွေ့ရှိသည့် လူနာများအ တွက် မျိုးရိုးဗီဇအစီအစဉ်ချခြင်းပြီး သည့် နောက်တွင် အိန္ဒိယနှင့် ဗြိတိန်မျိုးစိတ် များ ရောနှောသည့် မျိုးကွဲအသစ်ကိုတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံ၏ကျန်းမာရေး ဝန်ကြီး ငုယင်သန်လောင်က ပြောကြား သည်။ 


ယင်းမျိုးကွဲသစ်နှင့် ပတ်သက်ပြီး ပြောရမည်ဆိုပါက ဗီဇပြောင်းလဲမှု၏ မူရင်းမှာ အိန္ဒိယမူကွဲသာဖြစ်ကြောင်း၊ ယင်းဗီဇ၏ ထူးခြားချက်မှာလေထဲသို့ လျင်မြန်စွာ   ပျံ့နှံ့သွားခြင်းဖြစ်ပြီး လည်ချောင်းအရည်အတွင်း ဗိုင်းရပ်စ် ပိုးများ   လျင်မြန်စွာတိုးပွားလာပြီး ပတ်ဝန်းကျင်ကို ပြင်းပြင်းထန်ထန် ပြန့်နှံ့ခဲ့ခြင်း ဖြစ်သည်။ 


ဟနွိုင်းနှင့်ဟိုချီမင်းစသည့် မြို့ကြီး များနှင့်  စက်မှုဇုန်များအပါအဝင် ပိုင်နက် နယ်မြေတစ်ဝက်ကျော်တွင် ကူးစက်မှု အသစ်  ဖြစ်ပွားမှုများနှင့်ပတ်သက်၍ တိုင်းပြည်တွင်  ရုန်းကန်နေရသည့် အခြေအနေဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။


 ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်ကြောင့် ဧပြီလမှစပြီး သေဆုံးသူ ၄၇ ဦး အပါ အဝင် ကူးစက်မှုပေါင်း ၆၇၀ဝ ကျော်ရှိ ခဲ့ကြောင်း အစီရင်ခံဖော်ပြထားသည်။ 

ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ