နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လယ်နီဒေသအတွင်း ဟူသီသူပုန်များတိုက်ခိုက်လာမှုကို ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့တားဆီး

ရီယာဒ်  မေ ၃၁ 


ယီမင်ရှိဆော်ဒီမှ  ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ပင်လယ်နီဒေသ တောင်ပိုင်းတွင် ဟူသီသူပုန်များ တိုက် ခိုက်လာမှုကို ဟန့်တားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ကာ ယင်းတိုက်ခိုက်မှုမှာ တစ်ပတ်အတွင်း နှစ်ကြိမ်ထပ်မနည်း တိုက်ခိုက်မှုဖြစ်ကြောင်း ဆိုသည်။ 


ဆော်ဒီတရားဝင် သတင်းအေဂျင်စီ SPA ၏ ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့ ထုတ် ပြန်ချက်တွင်မူ  ယီမင်ဆိပ်ကမ်းတွင် အသေခံဗုံးခွဲသည့် မော်တော်ဘုတ် နှစ် စင်းကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။ 


ယင်းထုတ်ပြန်ချက်တွင် ဟူသီသူပုန် များက နိုင်ငံတကာ ရေကြောင်းသွားလာ မှုနှင့် ကူးသန်းရောင်းဝယ်ရေးလမ်း ကြောင်းများကို ဆက်လက်ခြိမ်းခြောက် နေကြောင်း၊ ညွန့်ပေါင်းအဖွဲ့ကတိုက် ခိုက်မှုနှင့် ပတ်သက်၍ ထိုထုတ်ပြန်ချက် တွင် အသေးစိတ် အချက်အလက်များကို မဖော်ပြခဲ့ကြောင်း၊ ပြီးခဲ့သည့် တနင်္လာနေ့ က ဟူသီသူပုန်များက ပင်လယ်နီတောင် ပိုင်းတွင် ဗုံးဖောက်ခွဲရန်ကြိုးစားခဲ့ရာတွင် ညွန့်ပေါင်းအဖွဲ့က တားဆီးနိုင် ခဲ့ကြောင်း ပြောကြားခဲ့သည်။


 အီရန် ကျောထောက်နောက်ခံပြု ထားသည့် ဟူသီသူပုန်များသည် ဆော်ဒီ နယ်မြေများသို့ ပုံမှန်ဒုံးကျည်နှင့် မောင်း သူမဲ့လေယာဉ်များနှင့် တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး ထိုသို့တိုက်ခိုက်ခြင်းကို ယီမင်တွင် ဆော်ဒီဦးဆောင်သည့် ညွန့် ပေါင်းအဖွဲ့က ကျူးကျော်သည်ကို တုံ့ ပြန်ခြင်းဖြစ်‌ကြောင်း သိရသည်။ 

မျိုးဝင်း (ref;AFP)






အခြားဆက်စပ်သတင်းများ