နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်ကြိမ်တည်းသာထိုးရသည့် J&J အမည်ရှိ Covid ကာကွယ်ဆေးကို ဗြိတိန်အတည်ပြု

လန်ဒန်  မေ ၃၁ 


J&J ကထုတ်လုပ်သည့် တစ်ကြိမ် တည်းသာထိုးရသည့် Covid ကာကွယ် ဆေးကို ဗြိတိန်နိုင်ငံ၏ လွတ်လပ်သော ဆေးဝါးစစ်ဆေးသူများက ဗြိတိန်တွင် သုံးစွဲရန် အတည်ပြုပေးလိုက်သဖြင့် J&J ကာကွယ်ဆေးမှာ စတုတ္ထမြောက် အသုံးပြုခွင့်ရခဲ့သည့် ကာကွယ်ဆေးဖြစ် ခဲ့ကြောင်း Asian Lite Newsdesk သတင်းအေဂျင်စီက ဖော်ပြသည်။ 


Johnson & Johnson ၏ တစ် ကြိမ်တည်းသာ ထိုးရန်လိုသော Covid- 19  ကာကွယ်ဆေးကို ဗြိတိန်တွင် အတည် ပြုခဲ့ကြောင်း   ဆေးဝါးနှင့်ကျန်းမာရေး စောင့်ရှောက်မှုထုတ်ကုန် စစ်ဆေးရေး အေဂျင်စီ (MHRA)ကပြောသည်။ 


အဆိုပါ ဆေးမှာ           ဗြိတိန်နိုင်ငံ၏ လွတ်လပ်သော  ဆေးဝါးစစ်ဆေးသူ များက စတုတ္ထမြောက် ခွင့်ပြုခဲ့သည့် ဆေး ဖြစ်ပြီး Covid ကာကွယ်ဆေးများ ထဲတွင် တစ်ကြိမ်တည်းဆေးထိုးရသည့် ပထမဆုံး ကာကွယ်ဆေးဖြစ်ခဲ့သည်။ 


ယခုကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက်လူများတွင်သာ အသုံးပြု ရန် MHRA က အတည်ပြုခွင့်ပြုထားပြီး ကိုယ်ဝန်ဆောင်နေသော(သို့မဟုတ်) နို့တိုက်နေသည့် အမျိုးသမီးများအတွက် ကာကွယ်ဆေးကို သုံးသင့်မသင့် ဆုံးဖြတ် ချက်ကိုမှု ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် ဆေး အကျိုးကျေးဇူး၊ ဆိုးကျိုး များကို ထည့်သွင်းစဉ်းစားကာ တိုင်ပင် ဆွေးနွေးပြီးမှ  ဆုံးဖြတ်သင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

မျိုးဝင်း (ref;CNA)






အခြားဆက်စပ်သတင်းများ