နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid စည်းကမ်းသတ်မှတ်ချက်များရှောင်လွှဲရန် လေယာဉ်ပေါ် မင်္ဂလာဆောင်ခဲ့သည့် အိန္ဒိယမင်္ဂလာစုံတွဲ

နယူးဒေလီ   မေ   ၃၀

ကိုရိုနာဗိုင်းရပ်စ် စည်းကမ်းကန့် သတ်ချက်များကို   ရှောင်လွှဲနိုင်ရန် အတွက် အိန္ဒိယစုံတွဲတစ်တွဲသည် ခရီး သည်တင် ဂျက်လေယာဉ်တစ်စီးကို စင်းလုံးငှားပြီး ဝေဟင်မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သော်လည်း   ယင်းတို့မှာ အရေးယူခံခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။ Covid 19 ရောဂါပျံ့နှံ့ကူးစက်နေသည့်အတွက် အိန္ဒိယအစိုးရက မင်္ဂလာဆောင်တစ်ခုကို ဧည့်သည် ၅၀ ဦးအထိ ကန့်သတ်ခဲ့ခြင်း ဖြစ်ပြီး     လေယာဉ်ပေါ်က ဝေဟင် မင်္ဂလာပွဲကို ဧည့်ပရိသတ် ၁၆၀ ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါ မင်္ဂလာပွဲကြောင့် အိန္ဒိယ လေကြောင်းအာဏာပိုင်အဖွဲ့က ဂျက် လေယာဉ်၏ လေယာဉ်အမှုထမ်းများကို စစ်ဆေးရန်နှင့်  ယင်းတို့ကိုအလုပ် တာဝန်ရပ်ဆိုင်းထားရန် အမိန့်ထုတ် ပြန်လိုက်သည်။ အမည်မဖော်လိုသည့် အဆိုပါ စုံတွဲအနေဖြင့် ဂျက်လေယာဉ်ကို မဒူရိုင်းမှ ဘန်ဂလိုအထိ ခရီးစဉ်တွင် သမိုင်းဝင် မီနက်ရှီအာမန်ဘုရားကျောင်း ပေါ်မှ ဖြတ်သန်းပျံသန်းခဲ့ကြပြီး ဝေဟင် မင်္ဂလာပွဲကို မှတ်တမ်းဓါတ်ပုံနှင့် ဗီဒီယို များဖြင့် ဧည့်သည်များက ဆိုရှယ်မီဒီယာ များတွင် ဖြန့်ဝေခဲ့ကြသည်။

ရဲခေါင် (Ref; AFP)






အခြားဆက်စပ်သတင်းများ