နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီစက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၏ အကြီးဆုံးပို့ကုန်ဈေးကွက် တရုတ်ရရှိ

ဘာလင်  မေ   ၃၀

ယခုနှစ် ပထမသုံးလပတ်တွင် ဂျာမနီစက်ပစ္စည်းထုတ်ကုန်လုပ်ငန်း၏ အကြီးဆုံး တင်ပို့မှုဈေးကွက်ဖြစ်ခဲ့သည့် အမေရိကန်နေရာကို တရုတ်နိုင်ငံက ရောက်ရှိခဲ့ကြောင်း နောက်ဆုံးရကိန်း ဂဏန်းများအရ သိရသည်။ ဂျာမနီစက် ပစ္စည်းထုတ်လုပ်မှုကဏ္ဍမှ တရုတ်နိုင်ငံ သို့တင်ပို့သည့် ကုန်ပစ္စည်းပမာဏသည် ယခုနှစ် ပထမသုံးလပတ်တွင်ယူရိုငွေ (၄ ဒသမ ၉) ဘီလီယံရှိရာ ပြီးခဲ့သည့် ကာလတူထက် (၂၀ ဒသမ ၃)ရာခိုင်နှုန်း တိုးတက်လာပြီး အမေရိကန်သို့တင်ပို့ သည့် ပမာဏသည် ယူရိုငွေ (၄ ဒသမ ၇) ဘီလီယံရှိရာ ပြီးခဲ့သည့်ကာလတူ ထက် (၆ ဒသမ ၈)ရာခိုင်နှုန်းလျော့နည်း ခဲ့ကြောင်း ဂျာမနီစက်ပစ္စည်းထုတ်ကုန် လုပ်ငန်းအသင်း၏  ယခုအပတ်ထုတ် ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြ ထားသည်။
 
ဂျာမနီစက်ပစ္စည်းထုတ်လုပ်မှု လျင်မြန်စွာ ပြန်လည်နိုးထလာခြင်းက ဤကဏ္ဍတွင် ဂျာမနီ၏ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဆွဲဆောင်မှုရှိသည်ကို ပြသ ခြင်းဖြစ်ရာ ၂၀၂၂ ခုနှစ်တွင် Covid ကပ်ရောဂါကာလမတိုင်မီ အခြေအနေ ကိုပြန်ရောက်ရန်အတွက် မျှော်မှန်း ထားကြောင်း ဂျာမနီ ပြည်ပကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန၏ ကျွမ်းကျင် သူ Claudia Grune က ပြောသည်။ ဂျာမနီစက်ပစ္စည်း  ထုတ်ကုန်လုပ်ငန်း အသင်းတွင် ကုမ္ပဏီလုပ်ငန်းပေါင်း (၃,၂၀ဝ)ကျော်ရှိရာ ဥရောပ တိုက်၏ အဓိကစက်မှုလုပ်ငန်း   အသင်းတစ်ခု ဖြစ်သည်။
မျိုးဝင်း (Ref; Xinhua)






အခြားဆက်စပ်သတင်းများ