နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်နိုင်ငံ Kurushima ရေလက်ကြားတွင် ကုန်တင်သင်္ဘောနှစ်စင်း တိုက်မိမှုဖြစ်ပွား၊ လူ ၃ ဦး ပျောက်ဆုံး

တိုကျို  မေ   ၃၀

ဂျပန်နိုင်ငံ Kurushima ရေလက် ကြားအနီးတွင် မေလကုန်ပိုင်းတွင် ဂျပန်ကုန်သင်္ဘောနှင့် မာရှယ်ကျွန်းစု နိုင်ငံ ကုန်သင်္ဘော တိုက်မိမှုဖြစ်ပွားခဲ့ ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ယင်းနေ့တွင် ထုတ်ပြန်ပြောကြားခဲ့ သည်။ အဆိုပါဖြစ်ရပ်ကြောင့် ဂျပန်ကုန် သင်္ဘောနစ်မြုပ်ခဲ့ပြီး ဂျပန်သင်္ဘောသား ၃ ဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။ နစ်မြုပ်ခဲ့သည့် ကုန်တင်သင်္ဘောတွင် ဂျပန်သင်္ဘောသား ၁၂ ဦးပါရှိရာ ၉ ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး   ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကပ္ပတိန်အပါ အဝင် သင်္ဘောသား ၃ ဦးသည် ပျောက် ဆုံးနေကြောင်း ဒေသခံမီဒီယာများ၏ ပြောကြားချက်အရ သိရသည်။

မာရှယ်ကျွန်းစုနိုင်ငံ သင်္ဘောပေါ် တွင်    သင်္ဘောသား ၁၃ ဦးပါရှိရာ တောင်ကိုရီးယားနိုင်ငံသား ၈ ဦး၊ မြန်မာ နိုင်ငံသား ၅ ဦးဖြစ်ပြီး ယင်းတို့မှာ ဒဏ်ရာ ရမှုမရှိကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ က ကင်းလှည့်ရေယာဉ်၊ လေယာဉ်နှင့် ဒေသခံငါးဖမ်းသင်္ဘောများကို စေလွှတ် ၍ ရှာဖွေခဲ့သလို ကယ်ဆယ်ရေးအဖွဲ့ကို သင်္ဘောအတွင်းသို့    ရေငုပ်ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်စေခဲ့သည်။ အခင်းဖြစ်ပွားမှု အသေးစိတ်အကြောင်း အရင်းကို ဂျပန်နိုင်ငံသက်ဆိုင်ရာဌာန များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက် ရှိသည်။

သင်္ဘောနှစ်စင်းတိုက်မိသည့်နေရာ Kurushima ရေလက်ကြားသည် ဂျပန် နိုင်ငံ၏ ပင်လယ်ရေကြောင်း အဓိက လမ်းတစ်ခုဖြစ်ပြီး နေ့စဉ်သင်္ဘောအစင်း ရေ  ၅၀ဝ ခန့်ဖြတ်သန်းသွားလာကြ ကြောင်း ဂျပန်မီဒီယာများ၏ သတင်း အရသိရသည်။ ယင်းရေလက်ကြားသည် မောင်းနှင်သွားလာရန်ခက်ခဲရာ လက်ရှိ အချိန်က ပင်လယ်ဒီရေအပြောင်းအလဲ များချိန်နှင့် လှိုင်းလေထန်သည့် ရာသီ ဥတုဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (Ref; Reuters)






အခြားဆက်စပ်သတင်းများ