နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟန်ဂေရီနိုင်ငံတွင် တရုတ်ကုမ္ပဏီလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံထားသည့် ဆိုလာဓာတ်အားပေးစက်ရုံ စတင်လည်ပတ်

ဘူဒါပတ်စ်   မေ   ၃၀

China General TechnologyGroup ၏ ကုမ္ပဏီဖြစ်သည့် China National Machinery   Import   and   Export Corporation (CMC)မှ   ဟန်ဂေရီနိုင်ငံ တွင်   ရင်းနှီးမြှုပ်နှံတည်ဆောက်ထား သည့် Kaposvar ၁၀ဝ မဂ္ဂါဝပ်နေရောင် ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရ သည်။

Kaposvar နေရောင်ခြည်စွမ်းအင် သုံး ဓါတ်အားပေးစက်ရုံသည် ဟန်ဂေရီ-တရုတ်နှစ်နိုင်ငံ၏ သန့်စင်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကစီမံကိန်း ဖြစ်ပြီး ယင်းစီမံကိန်းသည် ဟန်ဂေရီ၏ စွမ်းအင်ဖွဲ့စည်းပုံကို ကောင်းမွန်အောင် ပြောင်းလဲနိုင်သလို   သန့်စင်စွမ်းအင် ဖွံ့ဖြိုး ရေးမြှင့်တင်ရာတွင် လေးနက်သည့် အဓိပ္ပါယ်ဆောင်ကြောင်းသိရသည်။

ထို့ပြင် အနာဂတ်ကာလတွင် CMC ကုမ္ပဏီအနေဖြင့် စီမံကိန်းလည်ပတ်ထုတ်လုပ်မှုများကို အရည်အသွေးမြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ   တရုတ်-ဟန်ဂေရီနှစ်နိုင်ငံ   ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုနှင့်     နှစ်နိုင်ငံ ပြည်သူများ၏   ချစ်ကြည်ရေးအတွက် အကျိုးသစ်ဖော်ဆောင်ပေးသွားမည် ဖြစ်ကြောင်း CMC ဥက္ကဋ္ဌ ခန်းဟူပျောင်း က ပေကျင်းမြို့     အွန်လိုင်းဗီဒီယိုမှ တစ်ဆင့် ပြောကြားခဲ့သည်။ Kaposvar နေရောင်ခြည်စွမ်းအင်သုံး  ဓါတ်အား ပေးစက်ရုံစီမံကိန်း၏  စုစုပေါင်းရင်းနှီး မြှုပ်နှံမှုပမာဏသည် ယူရိုငွေသန်း ၁၀ဝ ရှိပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင် တည်ဆောက်ခြင်းဖြစ်သည်။

လျှပ်စစ်ကွန်ရက် ချိတ်ဆက်လည် ပတ်ပြီးနောက် တစ်နှစ်လျှင် ကီလိုဝပ် နာရီ    သန်း  ၁၃၀  ထုတ်လုပ်နိုင်မည် ဖြစ်ရာ     ကျောက်မီးသွေးတန်ချိန် ၄၅,ဝ၀ဝ ခန့်၊ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့        ထုတ်လွှတ်မှုတန်ချိန် ၁၂၀,ဝ၀ဝ ခန့် လျော့နည်းသွားမည်ဖြစ် ကြောင်း သိရသည်။
မျိုးဝင်း (Ref; Xinhua)






အခြားဆက်စပ်သတင်းများ