နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စု အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည့်အစီအစဉ်ကို ထပ်မံရွှေ့ဆိုင်း

ရန်ကုန်     မေ    ၂၀


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် လာမည့် ပြည်ထောင်စုအထွေထွေရွေးကောက်ပွဲ နှင့် စပ်လျဉ်း၍ မေ ၂၁ ရက်တွင် သတင်းထုတ်ပြန်မည့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီး ထပ်မံရွှေ့ဆိုင်းလိုက် ကြောင်း သိရသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယာယီရပ်ဆိုင်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်း ထုတ်ပြန်ရေးအစီအစဉ်ကို မေ ၂၁ ရက်အထိ ရွှေ့ဆိုင်းလိုက်ကြောင်းနှင့် အဆိုပါ မေ ၂၁ ရက်၊ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်ကို ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

သို့ရာတွင် ယခုအခါ မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်ရေးအစီအစဉ်များနှင့် လမ်းညွှန်ချက်များ လိုက်နာဆောင်ရွက်ရမည့်ကာလကို သက်ဆိုင်ရာမှ မေ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ကြောင်း သိရသည်။


ထို့အတွက်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေ ၂၁ ရက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော လာမည့် ပြည်ထောင်စုအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်မည့် အစီအစဉ်ကိုလည်း မဆောင်ရွက်ဖြစ်တော့ဘဲ ပြန်လည်ကျင်းပမည့်ရက်ကို သက်ဆိုင်သူများ အချိန်မီ သိရှိစေရန် ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                                                                                    


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ