နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၄ ခုနှစ်မှစတင်ကာ ချန်ပီယံလိဂ်ကို အကြီးအကျယ်ပြောင်းလဲသွားမယ့်ယူအီးအက်ဖ်အေ ‌

မေ ၂၉

ပြီးခဲ့တဲ့ နှစ်တုန်းက ကိုဗစ်−၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်များ၊ ဆီမီးဖိုင်နယ်ပွဲစဉ်များနဲ့ ဗိုလ်လုပွဲတို့ကို ပေါ်တူဂီရှိလစ္စဘွန်းတွင် ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ရဲ့ ကွာတားဖိုင်နယ်နဲ့ဆီမီးဖိုင်နယ်ပွဲတို့ကို တစ်ပွဲစီဖြင့် တံခါးပိတ်ကစားခဲ့ရပါတယ်။ ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့် ဗိုလ်လုပွဲကို တစ်မြို့တည်းတွင် တစ်ပတ် အတွင်းကျင်းပကာပြိုင်ပွဲအား အကြီးအကျယ်အပြောင်း အလဲပြုလုပ် ရန်စီစဉ်နေပါ တယ်လို့  The New YorkTime ကဖော်ပြ သွားပါတယ်။ ဒီအပြောင်းအလဲကြောင့်ပရိသတ်များ အနေဖြင့် မြို့တစ်မြို့သို့ သွားကာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲများနဲ့ ဗိုလ်လုပွဲကိုကြည့်ရပါမယ်။ယူအီးအက်ဖ်အေဟာချန်ပီယံလိဂ် ဗိုလ်လုပွဲကို အစဉ်အလာ အတိုင်း စနေနေ့မှာပင် ကစားစေမှာဖြစ်ပါတယ်။ ယူအီး အက်ဖ်အေဟာအဆိုပါစနစ်ကို The Super Bowl ရဲ့စနစ်အား အတု ခိုးထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့်ယူအီးအက်ဖ်အေဟာ အဆိုပါစနစ် ကိုလာမယ့် ၂၀၂၄ ခုနှစ်မှစတင်ကျင့်သုံးရန်သာ စီစဉ်ထားပြီး ကလပ် များနှင့်တွေ့ဆုံဆွေးနွေးမှုများလည်းပြုလုပ်ရဦးမှာပါ။ ယူအီးအက်ဖ် အေရဲ့ပြိုင်ပွဲစနစ်သစ်ကြောင့်ဆီမီးဖိုင်နယ်ပွဲ နှစ်ပွဲလျှော့ကျလာမှာ ဖြစ်ပြီး ရုပ်သံဝင်ငွေကျဆင်းလာမှာစိုးရိမ်ရပါတယ်။ ယင်းကဲ့သို့ ဆီမီးဖိုင်နယ်ပွဲများနှင့်ဗိုလ်လုပွဲကို တစ်မြို့တည်းတွင် တစ်ပတ်အတွင်း ကျင်းပမှုကြောင့် ပရိသတ်စိတ်ဝင်စားမှုပိုင်းပိုမိုမြင့်မားလာမှာဖြစ်လို့နှစ်ကျော့မကစားရလို့နစ်နာ လာမယ့်ငွေကြေးကိုဖာထေးနိုင်မယ်လို့ယုံကြည်နေပါတယ်။                                                          
 (SO)






အခြားဆက်စပ်သတင်းများ