နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်စစ်တပ်၏ စစ်ရေးဆောင်ရွက်မှုများကို ခွင့်မပြုရန် အိမ်နီးချင်းနိုင်ငံများကို တာလီဘန်အဖွဲ့ ပြင်းပြင်းထန်ထန်သတိပေး

ကဘူးလ်  မေ ၂၉

အာဖဂန်နစ္စတန် တာလီဘန်အဖွဲ့ သည်  ယင်းတို့၏ နိုင်ငံမှ  စစ်စခန်း ရုပ်သိမ်းပြီး တပ်ဆုတ်ခွာနေပြီဖြစ်သည့် အမေရိကန်စစ်တပ်ကို  အခြားသော အိမ်နီးချင်းနိုင်ငံများက စစ်ရေးဆောင် ရွက်မှုလုပ်ငန်းစဉ်များ  ခွင့်မပြုကြရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။
 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အမိန့်အရ မေလ ၁ ရက်မှစ၍ အာဖဂန် နစ္စတန်မှ တပ်စခန်းရုပ်သိမ်းနေသည့် အမေရိကန်နှင့် နေတိုးတပ်များသည် စက်တင်ဘာလ ၁၁ ရက်တွင် ယင်းတို့ လုပ်ငန်းစဉ်ကို အပြီးသတ်မည်ဖြစ်ပြီး အမေရိကန်သံအမတ်များကမူ အနာဂတ် ကာလတွင် အာဖဂန်နစ္စတန်ကို စောင့် ကြည့်ရန်အတွက် အာဖဂန်နစ္စတန်၏ အိမ်နီးချင်း နိုင်ငံတစ်ခုတွင် အမေရိကန် စစ်ရေးအစီအမံများကို   ထားရှိသင့် ကြောင်း အကြံပြုနေကြသည်။
တာလီဘန်များသည်  အာဖဂန် နစ္စတန်၏ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ တွင်   အမေရိကန်ဘက်က  စစ်ရေး အစီအမံများထားရှိပြီး စောင့်ကြည့် လာမည်ကို ဘဝင်မကျဖြစ်နေပြီး ပြီးခဲ့ သည့် ရက်ပိုင်းအတွင်း ပါကစ္စတန် နှင့် အမေရိကန်ထိပ်တန်းအရာရှိများ အကြား  သုံးကြိမ်တိုင်စကားပြောဆိုခဲ့ ခြင်းမှာ ယင်းကိစ္စအတွက်သာဖြစ်ရမည် ဟု တာလီဘန်များက ယူဆထားသည်။

ပါကစ္စတန် နှင့် အာဖဂန်နစ္စတန်တို့ အနေဖြင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နယ်စပ်နေရာများတွင်   တာလီဘန်  များ၏ စစ်စခန်းအများအပြားရှိနေပြီး အမေရိကန်စစ်တပ်သာ ပါကစ္စတန်တွင် ခြေကုပ်ယူလိုက်ပါက ယင်းတို့အတွက် အခက်အခဲအများကြီးဖြစ်လာမည်ကို တာလီဘန်များက စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။           ရဲခေါင် (Ref;Reuters)






အခြားဆက်စပ်သတင်းများ