နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ ပြန်ပေးဆွဲခံရသူ ၅၃ ဦး ပြန်လည်လွတ်မြောက်ခဲ့

လေးဂို့စ်   မေ ၂၉

နိုင်ဂျီးရီးယားနိုင်ငံ   အနောက် မြောက်ပိုင်းတွင် သေနတ်သမားများက လူ ၅၃ ဦးကို  ရက်ပေါင်းများစွာဖမ်းဆီး ချုပ်နှောင်ထားပြီးနောက် ပြန်လွှတ်ပေး ခဲ့ကြောင်း   ဒေသခံအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပြည်နယ်အစိုးရ၏ လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်း ရေးအစီအစဉ်ဖြင့် ဖမ်းဆီးခံထားရသူ များကို အထိအခိုက်မရှိဘဲ ပြန်လွှတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်လုံခြုံရေး နှင့် ပြည်ထဲရေးဌာန ရဲမှူးကြီး Abubakar Dauran က ပြည်နယ်မြို့တော် Gusau၌ သတင်းထောက်များအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထိုသူများသည်  ပြီးခဲ့သော ရက် သတ္တပတ်က Bungudu ဒေသဆိုင်ရာ အစိုးရနယ်မြေအတွင်းမှ  ပြန်ပေးဆွဲခံ ခဲ့ရခြင်းဖြစ်သည်။   ယင်းတို့အားလုံးမှာ ကျန်းမာရေးကောင်းမွန်ပြီး    မိသားစု များနှင့် ပြန်လည်ဆုံစည်းခဲ့ကြပြီဖြစ်ကာ ဒေသတွင်းရေရှည် တည်ငြိမ်အေးချမ်းမှု ရရှိရန်ရည်ရွယ်၍   ပြည်နယ်တွင်း၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သက်ဆိုင်ရာ အားလုံးအနေဖြင့် ဆက်လက်လိုက်နာ ရန် ယင်းက တောင်းဆိုခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း၌ မကြာသေးမီလများက သေနတ်သမား များ၏ တိုက်ခိုက်မှုကြိမ်ဖန်များစွာခံခဲ့ ရပြီးအရပ်သားများစွာအသတ်ခံရခြင်း သို့မဟုတ် ပြန်ပေးဆွဲခံရခြင်းများရှိခဲ့ ကြောင်း သိရသည်။
မျိုးဝင်း(Ref; Xinhua)






အခြားဆက်စပ်သတင်းများ