ဂျေရုဆလင် မေ ၂၉
အစ္စရေးနှင့် ဂါဇာဒေသရှိဟာမတ်စ် စစ်သွေးကြွများအကြား ၁၁ ရက်ကြာ တိုက်ခိုက်မှုအတွင်း ကျုးလွန်ခဲ့သည့် ရာဇဝတ်မှုများကို နိုင်ငံတကာက စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်လိုက်ပြီဖြစ် သည်။ ယင်းသို့ စုံစမ်းစစ်ဆေးရန် ထောက်ခံမဲ ၂၄ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၁၄ မဲနှင့် ဆုံးဖြတ်ချက်ကို အတည်ပြု လိုက်ခြင်းဖြစ်ကာ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC)တို့ ပူးတွဲတင်သွင်းသည့် အဆိုပြုချက်ကို လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးတွင် မဲခွဲဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။ ပဋိပက္ခစတင်ဖြစ် ပွားချိန်တွင် ဟားမတ်စ်နှင့် အခြား လက်နက်ကိုင်အုပ်စုများက အစ္စရေးလ် ဘက်ကို ရော့ကတ်များနှင့် တရစပ် ပစ်ခတ်ရာတွင် စစ်ဖက်၊ အရပ်ဖက်ခွဲခြား မှုမရှိခြင်းမှာ နိုင်ငံတကာဥပဒေကို ချိုး ဖောက်ရာရောက်ကြောင်း ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့ရုံးကနေ ပြောဆိုထား သည်။ ထို့ပြင် အစ္စရေးဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက် ကြီးနှင့်ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေကျေမှုများ၊ တိုက်ခိုက်မှုများ အတွင်း အစိုးရအဆောက်အဦ လူနေ အိမ်၊ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့အစည်း၊ ဆေး ဖက်ဆိုင်ရာအဆောက်အဦနှင့် မီဒီယာရုံး စသည်တို့ကိုပါ ပစ်မှတ်ထားခဲ့ခြင်းကို လည်း ထည့်သွင်းစဉ်းစားရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးက ပြောဆိုခဲ့သည်။
မျိုးဝင်း (Ref;AP)