ဝါရှင်တန် မေ ၂၉
ကမ္ဘာတဝန်း လူပေါင်းသန်းချီ သေဆုံးခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုး၏ ဇစ်မြစ်ကို အမေရိကန်ထိပ်တန်းထောက် လှမ်းရေးအေဂျင်စီများက ထပ်မံစုံစမ်း စစ်ဆေးပြီး တွေ့ရှိချက်များကို အများ ပြည်သူသိနိုင်စေရန် ထုတ်ဖော်ပြောဆို မည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောဆိုလိုက်သည်။ ရက်ပေါင်း ၉၀ ကြာ စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိချက်များကို အများပြည်သူထံ အပြည့်အဝချပြမည် ဖြစ်ကြောင်း၊ Covid ကပ်ရောဂါဖြစ်စေ သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် တရုတ် နိုင်ငံဓာတ်ခွဲခန်းမှ စတင်ပျံ့နှံ့ခြင်းဖြစ် နိုင်သည်ဆိုသည့် ခန့်မှန်းပြောဆို ချက်များ ထွက်ပေါ်လာရာမှတစ်ဆင့် အမေရိကန်အမျိုးသား ဓာတ်ခွဲခန်းများ အပါအဝင် လိုအပ်သည့်အထောက် အကူများနှင့် ပြန်လည်စုံစမ်းစစ်ဆေးရန် အိမ်ဖြူတော်က ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
အမေရိကန်ထိပ်တန်းထောက်လှမ်း ရေး အေဂျင်စီများကမူ ယင်းတို့ရရှိ ထားသည့် အချက်အလက်များအရ COVID-19 ရောဂါပိုးသည် လူဖန်တီး ခြင်း သို့မဟုတ် မျိုးဗီဇပြုပြင်ထားခြင်း မဟုတ်ကြောင်း သိပ္ပံပညာရှင်များ၏ ယူဆချက်ကိုလက်ခံကြောင်း ပြီးခဲ့သည့် နှစ်အတွင်း ပြောဆိုထားခြင်းဖြစ်သည်။ သို့ရာတွင် သဘာဝအတိုင်း တိရစ္ဆာန်မှ ကူးစက်ခြင်းရှိ၊ မရှိနှင့် ဓာတ်ခွဲခန်းမှ မတော်တဆပျံ့နှံ့ခဲ့ခြင်းရှိ ၊ မရှိဆိုသည်ကို စဉ်းစားဆုံးဖြတ်နိုင်ရန် ထပ်မံရရှိသည့် အချက်အလက်များ၊ ထောက်လှမ်းရေး သတင်းများကို မနားမနေဆက်လက် စုဆောင်းနေဆဲဖြစ်ကြောင်း ပြောဆို ထားသည်။
မျိုးဝင်း (Ref; Reuters)