နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးရီးယားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရသည့် သမ္မတ အာဆတ် နောက်ထပ် ခုနစ်နှစ် ဆက်လက်အုပ်ချုပ်မည်

ဒမတ်စကတ်  မေ ၂၉

ကျင်းပပြီးစီးသွားခဲ့သည့် ဆီးရီးယား သမ္မတရွေးကောက်ပွဲတွင်     လက်ရှိ သမ္မတဘာရှားအယ်လ်အာဆတ်အနေဖြင့် ထောက်ခံမဲပမာဏ ၉၅ ဒသမ ၁ ရာခိုင် နှုန်း အထိရရှိပြီး အောင်ပွဲခံသွားခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြု လိုက်ပြီဖြစ်သည်။   သမ္မတအာဆတ် သည်  ဆီးရီးယားရွေးကောက်ပွဲကို လေးကြိမ်ဆက်တိုက်အနိုင်ရခဲ့ခြင်းဖြစ် ပြီး တိုင်းပြည်ကို နောက်ထပ်ခုနစ်နှစ် ဆက်လက်အုပ်ချုပ်ခွင့်ရသွားပြီ  ဖြစ် သည်။
 
၂၀၁၄ ခုနှစ်တုန်းက ကျင်းပခဲ့သည့် ဆီးရီးယားရွေး ကောက်ပွဲတွင် အာဆတ် က လူထုထောက်ခံမှု ၈၈ ဒသမ ၇ ရာခိုင်နှုန်းသာရရှိခဲ့ပြီး ယခုတစ်ကြိမ် မှာတော့ ယင်းကို ထောက်ခံမှုနှုန်းက ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။ ယခု ရွေးကောက်ပွဲတွင် အာဆတ်နှင့်ယှဉ်ပြိုင် ရန် ရွေးကောက်ပွဲဝင်ခဲ့သည့် ဝန်ကြီးချုပ် ဟောင်း    အက်ဗ်ဒူလာဆာလွန်းက ထောက်ခံမဲရရှိမှု ၁ ဒသမ ၅ ရာခိုင်နှုန်း သာရှိခဲ့ပြီး နောက်ထပ်ပြိုင်ဘက်တစ်ဦး ဖြစ်သည့် မာမွတ်မာရီကမူ ထောက်ခံမဲ ရရှိမှု ၃ ဒသမ ၃ရာခိုင်နှုန်းသာရှိခဲ့ ကြောင်း သိရသည်။ ပြိုင်ဘက်ဖြစ်သည့် မာမွတ်မာရီသည် ရွေးကောက်ပွဲအနိုင် ရလဒ်အတွက် လက်ရှိသမ္မတ အာဆတ် ကို ဂုဏ်ပြုစကားပြောကြားသွားခဲ့ပြီး အာဆတ်အနေဖြင့် ရွေးကောက်ပွဲကို သန့်ရှင်းမျှတစွာယှဉ်ပြိုင်ပြီး အနိုင်ယူ သွားခဲ့ခြင်းဖြစ်ကြောင်း မှတ်ချက်ပေး သွားခဲ့သည်။     ရဲခေါင် (Ref; reuters)






အခြားဆက်စပ်သတင်းများ