ရန်ကုန် မေ ၂၀
မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်ပလေယာဉ်ခရီးစဉ်များအား ဇွန် ၁၆ ရက်ပြန်လည်ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း၏ မေ ၁၅ ရက်ထုတ်ပြန်သတင်းများအရ သိရသည်။
COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်အချိန်တွင် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် မြန်မာအမျိုးသားလေကြောင်း၏ ပြည်ပလေယာဉ်ခရီးစဉ်ပျံသန်းပြေးဆွဲခြင်းအား ၂၀၂၀ ပြည့်နှစ် ဇွန် ၁၅ ရက်အထိ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ နိုင်ငံတကာခရီးစဉ်များကို ၂၀၂၀ ပြည့်နှစ် ဇွန် ၁၆ ရက်တွင် ပြန်လည်ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။
အဆိုပါကာလအတွင်း အခြေအနေများပြောင်းလဲမှုရှိပါကလည်း အချိန်နှင့်တစ်ပြေးညီကြေညာပေးသွား မည်ဖြစ်သည်။ ထို့ကြောင့် ဇွန် ၁၆ ရက်မတိုင်မီ ဝယ်ယူထားသည့်လေယာဉ်လက်မှတ်များကို Full Refund နှင့် Free Date Change ပြုလုပ်ပေးမည်ဖြစ်သည်။ Agent မှ ဝယ်ယူထားသောခရီးသည်များအနေဖြင့် အဆိုပါ Agent မှတစ်ဆင့် Refund ပြန်လည်ထုတ်ယူနိုင်ပြီး Website မှ ဝယ်ယူထားပါက Contactus@flymna.com သို့ Email ပေးပို့၍ Refund ပြန်လည်ရယူနိုင်သည်ဟုဆိုသည်။ အသေးစိတ်အချက်အလက်များကို MNA Call Center +၉၅၁ ၃၇၈၆၀၃ မှ ဝ၄-ဝ၆-ဝ၇ နှင့် ဝ၈ သို့လည်းကောင်း +၉၅၁ ၃၇၇၈၄၀မှ၄၁-၄၂ သို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)အနေနှင့် ကိုရိုနာဗိုင်းရပ်ရောဂါကာလအတွင်း ခရီးသွားပြည်သူများ၏ အရေးကြီးခရီးသွားလာမှုများအဆင်ပြေစေရန် ပြည်တွင်းခရီးစဉ်များကို ဆက်လက် ပျံသန်းလျက်ရှိသည်။ ထို့ကြောင့် ခရီးသွားလာရန်ရှိနေသူများအနေနှင့် မိမိသွားလိုသောခရီးစဉ်၏ အချိန်နှင့် ရက်များကို https://www.flymna.com/plan-a-trip/flight-schedule တွင် အချိန်နှင့်တစ်ပြေးညီဝင်ရောက် ကြည့်ရှုသွားလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသားများအနေဖြင့် MNA Website www.flymna.com တွင် Local option ကိုနှိပ်၍ မြန်မာ ကျပ် MMK ဖြင့်ငွေပေးချေပြီး လေယာဉ်လက်မှတ်များကိုအလွယ်တကူ ဝယ်ယူနိုင်သည်ဟုဆိုသည်။ အသေး စိတ်အချက်အလက်များကို MNA Call Center +၉၅၁ ၃၇၈၆၀၃မှဝ၄-ဝ၆-ဝ၇ နှင့် ဝ၈ သို့လည်းကောင်း +၉၅၁ ၃၇၇၈၄၀ မှ ၄၁-၄၂ သို့လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ ထို့အပြင် မြန်မာအမျိုးသားလေကြောင်း (MNA) မှ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံရုံးနှင့် ညှိနှိုင်း၍ ၂၀၂၀ ပြည့်နှစ် မေ ၂၄ ရက်တွင် နေရပ်သို့ပြန်မည့် မြန်မာနိုင်ငံသားများအတွက် Relief Flight ခရီးစဉ်အား ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ ဂါယာမြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံရုံးနှင့်ညှိနှိုင်း၍ ၂၀၂၀ ပြည့်နှစ် မေ ၂၇ ရက်တွင် နေရပ်သို့ပြန်မည့် မြန်မာနိုင်ငံသားများအတွက် Relief Flight ခရီးစဉ်အား ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုသာစစ်