နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid ရောဂါ မပျံ့နှံ့စဉ်က အထောက်အထားတစ်ခု အမေရိကန်ထောက်လှမ်းရေး ရရှိထား

ဝါရှင်တန် မေ ၂၆

ကမ္ဘာတစ်ဝန်း လူသားများထံ Covid ကူးစက်ရောဂါ မကူးစက်မီအချိန်က တရုတ်နိုင်ငံ ဝူဟန်ရောဂါဗေဒ အင်စတီ ကျုရှိ သုတေသီသုံးဦးကို ဆေးကုသမှုခံ ယူ ရန်အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ကတည်းက ဆေးရုံတင်ပို့ခဲ့ရကြောင်း အမေရိကန် ထောက်လှမ်းရေးများက အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

ယင်းကို ကိုးကားပြီး The Wall Street ဂျာနယ်က  ရေးသားဖော်ပြထားကာ အဆိုပါ အစီရင်ခံစာသည် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)၏ Covid စုံစမ်းစစ်ဆေး မှု ဆုံးဖြတ်ချက်ချမှတ်ရေး အစည်းအဝေး မှ  ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်း သုတေသီများနှင့်ပတ်သက်၍ နောက် တစ်ဆင့် စုံစမ်းစစ်ဆေးမှုများကို  ဆက် လက် ဆောင်ရွက်သွားရန်လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က စီစဉ်နေပြီ  ဖြစ် ကြောင်း သိရသည်။

Covid   အစောပိုင်းကူးစက်မှု အကြောင်းအရာများတွင် မေးခွန်းထုတ် စရာ အခြေအနေများနှင့် ပြည့်နှက်နေ ပြီး အမေရိကန်အစိုးရနှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့တို့ လက်တွဲကာအဖြေမှန်ကို ဖော်ထုတ်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းနေ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်သားငါး ဈေးကနေ  စတင်ကူးစက်ပျံ့နှံ့လာခဲ့ ကြောင်း နိုင်ငံတကာသတင်းမီဒီယာ များက ပြောကြားခဲ့သော်လည်း တရုတ် အစိုးရကမူ ပြည်ပမှ တင်သွင်းလာသည့် အေးခဲအသားများတွင် အဆိုပါဗိုင်းရပ်စ် ပါလာခဲ့ပြီး ထိုမှတစ်ဆင့် လူအများထံ ကူးစက်မှုက ဝူဟန်မြို့တွင်စတင်ဖြစ်ပွား ခဲ့ခြင်းဟု ပြန်လည်တုံ့ပြန်ထားသည်။
ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ