ရောမ မေ ၂၆
အီတလီနိုင်ငံတွင် ကောင်းကင်ကြိုး ကေဘယ်လ်ကားတစ်စီး တောင်ပေါ်က ပြုတ်ကျခဲ့ပြီး ယင်းဖြစ်ရပ်တွင် ကလေး တစ်ဦး အပါအဝင် လူ ၁၄ ဦး အသက် ဆုံးရှုံးခဲ့ရကြောင်း အာဏာပိုင်များ ထုတ်ပြန်ချက်အရ သိရသည်။
အီတလီနိုင်ငံမြောက်ပိုင်းရှိ မတ်ဂွိုင် ရေး ရေကန်အနီးရှိ တောင်ပေါ်မှ ကေဘယ်လ်ကား ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်းသော အသက်ရှင်သန်ခဲ့သူ ကလေးငယ်၏ အခြေအနေမှာလည်း အလွန်စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
စတီရာအပန်းဖြေမြို့မှ မော့တာရုန်း တောင်ဆီသို့ ခရီးသည်များ သယ်ယူပို့ ဆောင်ပေးသည့် ကေဘယ်လ်ကားသည် ယခုကဲ့သို့ မတော်တဆမှုကို ကြုံတွေ့ခဲ့ရ ခြင်းဖြစ်ပြီး သေဆုံးသူများတွင် အစ္စရေး နိုင်ငံသားငါးဦး ပါသွားခဲ့ကြောင်း ရဲတပ် ဖွဲ့က ပြောကြားသည်။
ကေဘယ်လ်ကားသည် အမြင့်ပေ ၉၈၄ ပေ မှ သစ်တောအုပ်ရှိရာသို့ ပြုတ် ကျခဲ့ခြင်းဖြစ်ပြီး ပြင်းထန်သည့်အရှိန် နှင့် မြေပြင်ကို ရိုက်ခတ်ခဲ့မှု၊ သစ်တော အုပ်အတွင်း မရပ်မနား လိမ့်နေခဲ့မှုများ ကြောင့် ဆိုးရွားသည့် လူသေဆုံးမှု ဖြစ်စဉ် များကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ကြောင်း အီတလီရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။ ရဲခေါင်(ref; BBC)