ကွာလာလမ်ပူ မေ ၂၆
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တော်ရှိ ဥမင်တစ်ခုအတွင်း မေ ၂၄ ရက် က ရထားလမ်းနှစ်စင်း ခေါင်းချင်းဆိုင် တိုက်မိသဖြင့် လူပေါင်း ၂၀ဝ ကျော် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ယင်းတို့ အနက် ၄၇ ဦး မှာ ဒဏ်ရာ ပြင်းထန်နေ ကြောင်း မီဒီယာသတင်းများအရသိရ သည်။
အဆိုပါ ရထားတိုက်မှုသည် ဒေသစံတော်ချိန် ည ၈:၃၀ နာရီခန့်က Petronas Towers အပြင်ဘက် KLCC ဘူတာရုံအနီး မြေအောက်လမ်းပိုင်းရှိ Kelana Jaya Light Rail Transit (LRT) လိုင်း ပေါ်၌ ခရီးသည် ၂၃၂ ဦး တင်ဆောင် လာသော ရထားတစ်စင်းနှင့် အခြား ရထား အလွတ်တစ်စင်းတို့ ခေါင်းချင်း ဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ဘူတာရုံ၌ ပြုလုပ်ခဲ့သောသတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးက ရထားတိုက် မှုကြောင့် လူပေါင်း ၁၆၆ ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်းနှင့် ၄၇ ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအချို့ကို ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်။
တိုက်မိခဲ့သော ရထားအလွတ်တစ် စင်းမှာ စမ်းသပ်ပြေးဆွဲနေသည့် ရထား ဖြစ်သည်။ အဆိုပါ ရထားတိုက်မှုသည် LRT ၏ ၂၃ နှစ်ကြာ သမိုင်းကြောင်းတွင် ပထမဆုံး မတော်တဆမှုဖြစ်ကြောင်း၊ ရထားတိုက်မှုကို စုံစမ်းစစ်ဆေးရန် အထူးအဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းထား ပြီး ဖြစ်သည်။
မျိုးဝင်း (ref;Xinhua)