ဂျီနီဗာ မေ ၂၆
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ နှစ်ပတ်လည်ညီလာခံတွင် ကမ္ဘာ တလွှား Covid-19 ကပ်ဘေးကြီးအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ကျန်းမာရေး လုပ်သား ၁၁၅,ဝ၀ဝ ကို အောက်မေ့ ဂုဏ်ပြုခဲ့ကြောင်း WHO အကြီးအကဲများ က မေ၂၅ ရက်က ထုတ်ပြန်လိုက်သည်။
ကမ္ဘာတလွှား ကျန်းမာရေးစောင့် ရှောက်ပြုစုပေးသည့် လုပ်သားများ အနေဖြင့် ၁၈ လ နီးပါးကြာ အသက် အန္တရာယ်များအကြား ကြံ့ကြံ့ခံရပ်တည် ဆောင်ရွက်ခဲ့ကြသဖြင့် ဂုဏ်ပြုမှုနှင့် ထိုက်တန်ကြောင်း၊ ကျန်းမာရေး လုပ် သားများသည် အသက်ပေါင်းများစွာ ကယ်တင်ခဲ့ကြသလို အစွမ်းကုန် ကြိုးစား ခဲ့သော်လည်း လက်လွှတ်လိုက်ရသည့် ပုဂ္ဂိုလ်များအတွက်လည်း ရုန်းကန်ခဲ့ကြ ရကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ညီလာခံ တွင် ပြောသည်။
လတ်တလော သီတင်းပတ်များ အတွင်း ကူးစက်မှုအသစ်နှင့် သေဆုံးမှုနှုန်း ကျဆင်းလာသည့်အပေါ် ကျေနပ်အားရ မှုဖြစ်သော်လည်း ကမ္ဘာကြီးသည် အန္တရာယ်ကြီးသည့် အခြေအနေတွင်သာ ရှိနေဆဲဖြစ်ကြောင်း WHO က သတိပေး ထားသည်။
ထို့ပြင် WHO အဖွဲ့ဝင် နိုင်ငံအားလုံး လာမည့် စက်တင်ဘာလတွင် အနည်း ဆုံးနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနှင့် လာမည့် ဒီဇင်ဘာတွင် အနည်းဆုံး နိုင်ငံ လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကို ကာကွယ် ဆေးထိုးနှံရေး ဆောင်ရွက်ကြရန်လည်း WHO အကြီးအကဲက တိုက်တွန်းထား သည်။
မျိုးဝင်း (ref;AFP)