နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်တွင် ပထမဆုံးနိုင်ငံခြားနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံဖွင့်လှစ် အစ္စလမ်မာဘတ်

မေ ၂၆

ပါကစ္စတန်နိုင်ငံ   ကရာချိမြို့ရှိ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ် အားထုတ်လုပ်ရေးစက်ရုံ (K2)ကို စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
K2 နျူကလီးယားစွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေးစက်ရုံသည် တရုတ်ပြည် တွင်းထုတ် တတိယမျိုးဆက် ဓါတ်ပေါင်း ဖို Hualong One ကို အသုံးပြု လည်ပတ် မည့် ပါကစ္စတန်နိုင်ငံအတွက် ပထမဆုံး နိုင်ငံခြား နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံတစ်ခု ဖြစ် သည်။

Hualong One ဓါတ်ပေါင်းဖိုသည် ကမ္ဘာပေါ်တွင် အတင်းကြပ်ဆုံး လုံခြုံရေး စည်းမျဉ်းစည်းကမ်း စံသတ်မှတ်ချက် များနှင့်ပြည့်မီပြီး သက်တမ်းအားဖြင့် နှစ် ၆၀ အထိ အသုံးပြုနိုင်အောင် ဒီဇိုင်း ဆွဲထုတ်လုပ်ထားခြင်း ဖြစ်ကြောင်းသိရ သည်။
ပါကစ္စတန်နိုင်ငံအနေဖြင့် သန့်စင် သည့်စွမ်းအင် အလွန်လိုအပ်လျက်ရှိရာ ယခု K2 နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံသည် နိုင်ငံ ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေး နိုင်ရာ ရောက်မည်ဖြစ်သည်။

တရုတ်နိုင်ငံမှ နည်းပညာများတင် လွှဲပြောင်းရယူနိုင်မည်မဟုတ်ဘဲ ပြည်သူ များအနေဖြင့် နိုင်ငံအတွက်လိုအပ်သည့် နည်းပညာများလည်း ရရှိလာနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားခဲ့ ကြောင်းသိရသည်။
ရဲခေါင် (ref;AFP)






အခြားဆက်စပ်သတင်းများ