ပေကျင်း မေ ၂၅
မိုးသီးကြွေကျမှု၊ အအေးလွန်ကဲ သည့် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက် ခတ် မှုများကြောင့် တရုတ်နိုင်ငံအနောက် မြောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော် မာရသွန်ပြိုင်ပွဲဝင်သူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကာသေဆုံးသူများနှင့် ပျောက် ဆုံးသူများစာရင်းကို အတိအကျရယူ ရန်ခက်ခဲနေကြောင်း ကယ်ဆယ်ရေး အဖွဲ့များက သတင်းထုတ်ပြန်ထား သည်။ ရာသီဥတုအလွန်ဆိုးဝါးနေသည့် အတွက် သေဆုံးသူစာရင်း၊ ပျောက်ဆုံး နေသူစာရင်းများကို အတိအကျရယူ နိုင်ရန် အခက်အခဲရှိနေခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးဝန်ထမ်းများက ပြော သည်။
တရုတ်နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့် စနေနေ့ မွန်းလွဲတစ်နာရီဝန်းကျင်မှစ၍ ရာသီဥတုဆိုးဝါးလာခဲ့ပြီး လေပြင်း တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်း မှုများ မရပ်မနားဆက်တိုက်ဖြစ်ပေါ်လာ ခဲ့ ကြောင်း သတင်းမီဒီယာများက ဖော်ပြ သည်။ နယ်စပ်ဖြတ်ကျော် မာရသွန် ပြိုင်ပွဲများကို ကမ္ဘာလှည့်ခရီးသွားများ လာရောက်ကြရာ မြစ်ဝါမြစ်ကျောက် တောင်ဒေသတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲကို လူ ၁၇၂ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ သေဆုံးသူနှင့် ပျောက်ဆုံး သူများမှလွဲ၍ ကျန် ၁၅၁ ဦးကို လုံခြုံ စိတ်ချရာနေရာဆီသို့ ကယ်ဆယ်ရေး အဖွဲ့များက ပို့ဆောင်ပေးထားခဲ့ပြီးဖြစ် သည်။
မျိုးဝင်း (Ref; Xinhua)