ဝါရှင်တန် မေ ၂၅
အမေရိကန်က အီရန်အပေါ် ချမှတ် ထားသည့် အရေးယူမှုများကို ဖယ်ရှား ပေးရန် အီရန်နျူကလီးယားအစီအစဉ် ဆိုင်ရာ ကန့်သတ်ထားချက်များကို အီရန်ဘက်က လိုက်နာရန်လိုအပ်သော် လည်း ယခုထိ အီရန်၏ သဘောထားကို ရှင်းလင်းစွာမသိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် က ပြောသည်။
အီရန် နျူကလီးယား လက်နက် မထုတ်စေရေးတားဆီးရန် ကမ္ဘာ့အင်အား ကြီးနိုင်ငံများနှင့် အီရန်တို့အကြား ၂၀၁၅ ခုနှစ်က နျူကလီးယားဆိုင်ရာ သဘောတူညီချက်ရရှိခဲ့ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် ယင်းသဘောတူညီချက်မှ နုတ်ထွက်ခဲ့ သည်။
အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒင် လက်ထက်တွင်မူ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် တရုတ်တို့ပါဝင်သည့် အီရန်နျူကလီးယားသဘောတူညီချက် တွင် ပြန်လည်ပါဝင်ရန် လုပ်ဆောင်နေ ခြင်းဖြစ်ပြီး အီရန်အနေဖြင့် အခြားနိုင်ငံ များရှိ သံတမန်များမှတဆင့် အမေရိကန် နှင့် ဆွေးနွေးနေခြင်းဖြစ်သည်။
လက်ရှိတွင် အီရန်ဘက်မှ အီရန် နျူကလီးယားအရေးနှင့်ပတ်သက်ပြီး အမေရိကန်အနေဖြင့် အီရန်အပေါ်ချ ထားသည့် စီးပွားရေးပိတ်ဆို့အရေးယူမှု များကို အရင်ဆုံးဖယ်ရှားပေးမှသာ သဘောတူညီချက်ပါ အချက်များကို ပြန်လိုက်နာမည်ဖြစ်ကြောင်း ပြောဆို ထားပြီး အမေရိကန်ဘက်ကလည်း အီရန်အနေဖြင့် သဘောတူညီချက်ကို ပြန်လည်လိုက်နာမှသာ ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဖြစ်ကြောင်း ပြောဆို ထားသည်။ ရဲခေါင် (Ref;CNN)