စန်ဆာဗေးဒိုး မေ ၂၅
အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် ရဲအရာရှိ ဟောင်းတစ်ယောက်၏ နေအိမ် အတွင်း လူသေအလောင်းများတွေ့ရှိ ခဲ့ရပြီး အဆိုပါ ရဲအရာရှိဟောင်းကို ကွင်းဆက်လူသတ်သမားသံသယနှင့် တာဝန်ရှိသူများက စစ်ဆေးနေကြပြီ ဖြစ်သည်။ အသက် ၅၁ နှစ်အရွယ် ရဲအရာရှိဟောင်း ဟူဂိုအာနက်စ်တိုအိုဆို ရီယိုချာဗက်ဇ်ကို ချယ်လ်ချူအာပါမြို့ တွင် သားအမိ နှစ်ယောက်ကိုသတ်မှုနှင့် ဖမ်းဆီးလိုက်ပြီးနောက် ယင်း၏နေအိမ် ကို ရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေခဲ့ခြင်း ဖြစ်ပြီး ခြံဝန်းအတွင်း အလောင်းရှစ် လောင်းကို ထပ်မံတူးဖော်ရရှိခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းက စုံစမ်းမရခဲ့သည့် လျှို့ဝှက်လူသတ်မှုများ၏ ကွင်းဆက်ကို ဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်သည်ဟု ယုံကြည်နေကြပြီး အလောင်းများကို ဆေးပညာဆိုင်ရာ စစ်ဆေးမှုများဆောင် ရွက်ရန် တစ်လခန့်အချိန်ယူရမည်ဖြစ် ကြောင်း ပြောကြားထားသည်။
အယ်လ်ဆာဗေးဒိုးနိုင်ငံသည် လက်တင်အမေရိကန်နိုင်ငံများတွင် မိန်းကလေးများအသတ်ခံရမှုနှုန်း အမြင့်မားဆုံးနိုင်ငံဖြစ်ပြီး မိန်းကလေး ဖြစ်နေခြင်းမှာ အပြစ်ရှိသည်ဟု ယူဆ ချက်ရှိပြီး သေဆုံးမှုများကို အလေး အနက်ထားခြင်းမရှိကြောင်း သိရသည်။
ရဲခေါင် (Ref;BBC)