နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရေပြားရောဂါတစ်မျိုးကြောင့် ကျွဲ၊ နွား ရွှေ့ပြောင်းသယ်ဆောင်မှု ထိုင်း ထိန်းချုပ်

ဘန်ကောက်  မေ   ၂၅

ထိုင်းနိုင်ငံရှိ ကျွဲနွားတိရစ္ဆာန်များ တွင် အဖုအခဲများပေါ်လာသည့် ကူးစက် အရေပြားရောဂါပိုးဖြစ်ပွားလာခြင်း ကြောင့် ကျွဲနွားတိရစ္ဆာန်သယ်ယူသွား လာခွင့်ကို ထိုင်းအစိုးရက တင်းကျပ်စွာ တားမြစ်လိုက်ကြောင်း သိရသည်။

အဆိုပါရောဂါသည် ကျွဲနွားများမှ ရသော နို့အထွက်နှုန်းကိုလျော့ကျ စေပြီး ယင်းရောဂါမှာ လူများကို မကူးစက် သော်လည်း ယင်နှင့် ခြင်များမှတစ်ဆင့် ပြန့်ပွားခြင်းဟုယူဆရကာ လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ခရိုင် ၃၅ ခုရှိ ကျွဲ၊ နွား ကောင်ရေ ၆,၇၀ဝ ကျော်ကို ကူးစက် ထားကြောင်း ဒေသတွင်းအာဏာပိုင် များက ပြောသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကမူ အိမ်နီးချင်းနိုင်ငံများမှ ထိုင်းနိုင်ငံအတွင်း ဝင်လာမည့် ကျွဲ၊ နွား မှောင်ခိုတင်သွင်း မှုကိုစိုးရိမ်နေပြီး   ယခုကဲ့သို့ ရောဂါ ကူးစက်မှုမှာ ထိုင်းနိုင်ငံတွင်း ကျွဲ၊ နွား သယ်ယူမှုမတားမြစ်ထားခြင်းကြောင့် ဟု ဆိုသည်။ တိရစ္ဆာန်မွေးမြူရေးဌာန စာရင်းများအရ ထိုင်းနိုင်ငံတွင် နွား ကောင်ရေ ၆ ဒသမ ၂ သန်းရှိပြီး နို့စား နွား ၇ သိန်းကျော်နှင့် ကျွဲကောင်ရေ ၁ ဒသမ ၂ သန်းဝန်းကျင်ရှိသည်ဟု ဖော်ပြ ထားသည်။

မျိုးဝင်း (Ref; BangkokPost)






အခြားဆက်စပ်သတင်းများ