ရန်ုကုန် မေ ၁၉
မြန်မာအမျိုးသားလေကြောင်း(MNA) ၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချင်းမိုင်သို့ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခြင်းများကို လာမည့် ဇွန် ၃၀ ရက်အထိ ဆက်လက်ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံတွင်းရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆင်းသက် ဆိုက်ရောက်ခြင်းများကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဖွဲ့ဖြစ်သော The Civil Aviation Authority of Thailand (CAAT) မှ ယာယီပိတ်ပင်ထားခြင်းကို ထပ်မံသက်တမ်းတိုးလိုက်သည့်အတွက် ယခုကဲ့သို့ မြန်မာအမျိုးသားလေကြောင်း (MNA) ၏ ထိုင်းနိုင်ငံ၊ ဗန်ကောက်နှင့် ချင်းမိုင်သို့ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခြင်းများကို ဆက်လက်ရပ်နားထားရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လေကြောင်းခရီးစဉ်များ ယာယီရပ်နားထားသည့်ကာလအတွင်း ခရီးသွားလာရန် ကြိုတင် ဝယ်ယူထားမိသော လေယာဉ်လက်မှတ်များကို Full Refund နှင့် Free Date Change ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ Air Ticket Agent များမှဝယ်ယူထားသောခရီးသည်များအနေဖြင့် ထို Agent များမှတစ်ဆင့် Full Refund ပြန်လည်ထုတ်ယူနိုင်ပြီး မြန်မာအမျိုးသားလေကြောင်း (MNA)၏ အင်တာနက် Website မှတစ်ဆင့် ဝယ်ယူထားပါက အီးမေးလ် လိပ်စာ - contactus@flymna.com သို့ဆက်သွယ်ကာ Full Refund ပြန်လည်ရယူနိုင်ကြောင်း သိရသည်။
မိုးယံထက်