နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချယ်ရီရေယာဉ်စီးခရီးသည်များကို COVID-19 ကာကွယ်ထိန်းချုပ်ရေး ပညာပေးပြေးဆွဲနေ

ပန်းဆိုးတန်း-ဒလပြေးဆွဲလျက်ရှိသည့် ချယ်ရီရေယာဉ်တွင် COVID-19 ရောဂါ ကြိုတင် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်၍ ခရီးသည်များအားပညာပေးကာ ဆက်လက် ပြေးဆွဲပေးလျက်ရှိကြောင်း သတင်းရရှိသည်။ ချယ်ရီရေယာဉ်ပေါ်တွင် ခရီးသည်များအတွက် သုံးပေအကွာတွင် ထိုင်စီးနိုင်ရန် ပြင်ဆင်ထားပြီး ဒလနှင့် ပန်းဆိုးတန်းရှိ ခရီးသည်များနားနေဆောင်ရှေ့တွင် လက်ဆေးစင်အခု ၂၀ ထားရှိပေးထားကာ လက်ဆေးဆပ်ပြာ များလည်း ဆောင်ရွက်ပေးထားသည်။ ''ရပ်နားလို့ကလည်း မရဘူး။ ရပ်နားလိုက်လို့ရှိရင် ခရီးသည်တွေ ပြုံကျပြီး ပိုပြီးတော့ လူစုလူဝေး ဖြစ်သွား မယ်။ အဲဒီလိုမဖြစ်အောင် ပုံမှန်ပြေးဆွဲပေးနေတာဖြစ်တယ်''ဟု ပြည်တွင်းရေးကြောင်းပို့ဆောင်ရေး၊ သယ်ယူ ပို့ဆောင်ရေးဌာနမှူး ဦးဝင်းကိုအောင်က ပြောသည်။ ချယ်ရီရေယာဉ်ကို ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်တွင် တစ်ခေါက်နှုန်းဖြင့် ခေါက်ရေမလျှော့ဘဲ ပုံမှန်အချိန် အတိုင်း ပြေးဆွဲပေးလျက်ရှိပြီး ရေယောဉ်ပေါ်နှင့် နားနေဆောင်များတွင် စပီကာဖွင့်၍ COVID-19 ရောဂါနှင့် ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ခရီးသည်များကို အပူချိန်တိုင်းတာခြင်း၊ ရေယာဉ်ရပ်နားသည့်အချိန်တွင် ရေယာဉ်အတွင်းရှိ ထိုင်ခုံများနှင့် အခြားအရာဝတ္ထုပစ္စည်းများကို ပိုးသတ်ဆေးဖျန်းခြင်း၊ ခရီးသည်နားနေဆောင်ထဲတွင် ပိုးသတ်ဆေး ဖျန်းခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ချယ်ရီရေယာဉ်သည် နေ့စဉ် နံနက် ၅ နာရီမှ ည ၉ နာရီခွဲအထိ တစ်နေ့လျှင် ၄၆ ခေါက်ကို သင်္ဘောနှစ်စီး ဖြင့် ခရီးသည်များ၊ ကုန်စည်များကို သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ