နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် Covid ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းနှစ်ရာကျော် အသက်ဆုံးရှုံး

နယူးဒေလီ  မေ ၂၃

အိန္ဒိယနိုင်ငံတွင် COVID-19 ဒုတိယ လှိုင်းကူးစက်မှုများကြုံရသည့် မတ်လ နှင့် ဧပြီလအတွင်း ဆေးဝန်ထမ်း ၂၄၄ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း အိန္ဒိယ ဆရာဝန်များအသင်းက ထုတ်ပြန်လိုက် သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ တစ်ရက် တည်းမှာပင် Covid ကြောင့် သေဆုံးရ သည့် ဆရာဝန်အရေအတွက် ၅၀ ဦးရှိပြီး ရောဂါစတင် ဖြစ်ပွားချိန်ကတည်းကဆို လျှင် စုစုပေါင်း ဆရာဝန် ၁,ဝ၀ဝ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
အိန္ဒိယတွင် Covid ကာကွယ်ဆေး လုံလောက်စွာမရခြင်းမှာ ဆရာဝန်များ နှင့် ကျန်းမာရေးဝန်ထမ်းများသေဆုံးရ သည့် အဓိကအကြောင်းရင်းဖြစ်နေပြီး သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်း များတွင် ဝန်ထမ်း ၃ ရာခိုင်နှုန်းကသာ ကာကွယ်ဆေးရခဲ့ကြောင်း သိရသည်။

နိုင်ငံခြားဘွဲ့ရ အိန္ဒိယဆရာဝန်များ အသင်းကမူ နိုင်ငံခြားမှ ဆေးကျောင်း ဆင်း၊  ဘွဲ့ရပြီးသားသူများအနေဖြင့် အိန္ဒိယတွင်  ကုသခွင့်လိုင်စင်လျှောက်၍ မရသေးခြင်းကြောင့် ကုသရေးကိုကူညီ လိုသော်လည်း ကူညီနိုင်ခြင်းမရှိကြောင်း၊ ယင်းတို့ကို အမြန်ဆုံး လိုင်စင်ထုတ် ပေးသင့်ပြီဖြစ်ကြောင်း တောင်းဆိုထား သည်။

အိန္ဒိယတွင် ယခုပြဿနာများကြောင့် ကျောင်းအများစုကိုလည်း ပိတ်ရန်ညွှန် ကြားထားပြီး အင်တာနက် Online မှ တစ်ဆင့်သာ စာသင်ကြားရန် ညွှန်ကြား ချက်ထုတ်ပြန်ထားသည်။
ရဲခေါင် (ref;BBC)






အခြားဆက်စပ်သတင်းများ