နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်ကြီးနား-ပူတာအိုလမ်း၊ မန္တလေး-မြစ်ကြီးနားလမ်းနှင့် နမ္မတီး-ပန်ဆောင်လမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု ရာခိုင်နှုန်း ၈၀ ကျော် ဆောင်ရွက်ပြီးစီး

မြစ်ကြီးနား ၊  မေ  ၁၉


ယခု ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ 


အဆိုပါဆောင်ရွက်ပေးမှုအရ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းတွင် လမ်းအထူးအဖွဲ့(၂)ဖွဲ့၊ တံတားအထူးအဖွဲ့(၁)ဖွဲ့နှင့် ကုမ္ပဏီ(၁၄)ဖွဲ့တို့မှ ကွန်ကရစ်ခင်းခြင်းနှင့် တံတားများ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ မန္တလေး- လားရှိုး - ဗန်းမော် - မြစ်ကြီးနား လမ်းအပိုင်းတွင်လည်း ခရိုင်နှင့်ကုမ္ပဏီ(၅)ဖွဲ့မှ Cement Stabilized ခင်းခြင်း ၊ AC ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် နမ္မတီး - တနိုင်း-ပန်ဆောင်လမ်းတွင် မြစ်ကြီးနားခရိုင်မှကွန်ကရစ်ခင်း ခြင်းလုပ်ငန်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။ 


အဆိုပါဆောင်ရွက်မှုများအရ ယခု မေလတွင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်တွင် လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်း၊ မန္တလေး- လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းတွင် လုပ်ငန်း ဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်းနှင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်းပိုင်းတွင် လုပ်ငန်းဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရစဉ်။


(ကိုသာစစ်)






အခြားဆက်စပ်သတင်းများ