နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ပေါင်းနှစ်ထောင်သက်တမ်းရှိ ကြေးစစ်မြင်းရထားရုပ်ကို တရုတ်နိုင်ငံ ပြတိုက်တွင်ပြသ

ဆန်းရှီး မေ ၂၁

တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်းဆန်းရှီးပြည်နယ်၊ ရှီအန်းမြို့တွင်အသစ် ဖွင့်လှစ်ထားသည့် ပြတိုက်တစ်ခုတွင် သက်တမ်းနှစ်ပေါင်း ၂,၂၀ဝရှိ ကြေးဖြင့် ပြုလုပ်ထားသော စစ်မြင်းရထားနှစ်စင်းနှင့် မြင်းအရုပ်များကို ခင်းကျင်းပြသ ထားသည်။

ယင်းကြေးရုပ်များသည် ချင်မင်းဆက်  (ဘီစီ ၂၂၁ မှ -၂၀၇ ဘီစီ) ကတည်းက သွန်းလုပ်ထားသော ရုပ်တုများဖြစ်ရာ သမိုင်း၊ နည်းပညာနှင့် အနုပညာဆိုင်ရာ အရည်အသွေးမြင့် ရှေးဟောင်းပစ္စည်းများ ဖြစ်သည်။

အဆိုပါ ကြေးရုပ်တုများသည် တရုတ် နိုင်ငံကို ပထမဆုံးအကြိမ်ပေါင်းစည်းစေ ခဲ့သည့် ဧကရာဇ် ချင်ရှီဟွမ်၏  သူရဲကောင်း ဗိမာန်၌ ၁၉၈၀ ပြည့်နှစ်က တူးဖော် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မူလရုပ်တုများ မှာ အပေါ်ယံ မြေသားပြိုကျမှုကြောင့် အပိုင်းအစပေါင်း ၃,ဝ၀ဝ ကျော် အထိ ပဲ့ထွက်ပျက်စီးနေခဲ့ရာ  ယင်းအား          ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။
ကျွမ်းကျင်သူများအနေဖြင့် ရုပ်တု ၏ အပိုင်းအစများကို ပြန်လည် ထိန်းသိမ်း  ပြုပြင်ကာ နဂိုမူလအတိုင်းရောက်ရှိစေ ရန် အချိန် ၈ နှစ်ကြာ ပြုလုပ်ခဲ့ရသည်။
မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ