ပေကျင်း မေ ၂၁
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်တို့သည် ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံနှင့်ရုရှားနိုင်ငံ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် အဏုမြူစွမ်းအင်စီမံကိန်း စက်ရုံတည်ဆောက်မှုဖွင့်ပွဲအား ရုပ်သံလင့်မှတစ်ဆင့် ကြည့်ရှုအား ပေးခဲ့ကြသည်။
ကျန်းစုပြည်နယ်နှင့် လျောင်နင်းပြည်နယ်နှစ်ခုတွင်တည်ရှိသော အဏုမြူစွမ်းအင်ထုတ်လုပ်ရေးစက်ရုံနှစ်ခုရှိ ဓါတ်ပေါင်းဖို လေးခုကို တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် တရုတ်နှင့်ရုရှား နှစ်နိုင်ငံသမ္မတများက အဏုမြူစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီမှုများ လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံလုံးတွင် ထျန်းဝမ်အဏုမြူစွမ်းအင် စက်ရုံရှိ အမှတ် ၇ နှင့် ၈ ဓါတ်ပေါင်းဖိုများနှင့် ရွှီတာပေါ အဏုမြူစွမ်းအင် စက်ရုံရှိ အမှတ် ၃ နှင့် ၄ ဓါတ်ပေါင်းဖိုများအားဖွင့်လှစ် ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
တရုတ်နှင့် ရုရှားနှစ်နိုင်ငံ အဏုမြူစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများထဲတွင် အကြီးဆုံးစီမံကိန်းဖြစ်သည့် ယခု စီမံကိန်းတွင် စက်ရုံများတည်ဆောက်ပြီးစီးပါက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်ခြင်းအား လျှော့ချနိုင်မည်ဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုကင်းစင်သည့် နိုင်ငံအဖြစ်အားထုတ်မည့်တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို ပြည့်မီစေမည်ဖြစ်သည်။
ရဲခေါင် ( ref; Reuter)