ဂျေရုဆလင် မေ ၂၁
အာဖဂန် ပဋိပက္ခအဆုံးသတ်ရေးကို တရုတ်အနေဖြင့် သံသမန်ရေးအရ ကူညီရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း တရားဝင်ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိအနေဖြင့် အာဖဂန် နိုင်ငံခြားရေးဝန်ကြီး ၊ အမျိူးသားလုံခြုံရေး အကြံပေးများနှင့် ငြိမ်းချမ်းရေးအလားအလာများကို တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုတွင် တရုတ်နိုင်ငံသည် အမေရိကန်နှင့် နေတိုး တပ်ဖွဲ့များ အာဖဂန်နစ္စတန်နိုင်ငံထဲက ထွက်ခွာခြင်းမှအစပြုကာ ပေါ်ပေါက်လာနိုင် သည့် အခြေအနေများအပေါ် စိုးရိမ်မှုဖြစ်နေခြင်း ဖြစ်သည်။
ညှိနှိုင်းပွဲအတွက် ကြိုတင်သတ်မှတ်ချက်များကို ဖန်တီးပေးမည့်အပြင် အာဖဂန် ရှိ အုပ်စုကွဲများအကြား ညှိနှိုင်းမှုများ လုပ်ဆောင်ပေးရန် တရုတ်နိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဝမ်ယိက ပြောဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အမေရိကန်နိုင်ငံအပေါ် ဝေဖန်မှုများ တိုးမြင့်လာခဲ့ပြီး တပ်ဖွဲ့ရုပ်သိမ်းရေး အလျင်စလို ကတိုက်ကရိုက် လုပ်ဆောင်မှုများ သည် ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သလို ဒေသတွင်းတည်ငြိမ်မှုကိုလည်း ဆိုးကျိုး သက်ရောက်စေနိုင်ကြောင်း ပြောကြားထားသည်။
မျိုးဝင်း (ref;AP)