နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာကဏ္ဍ

စက်စွမ်းအား ဖြည့်စွမ်းဆောင် မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ် နှင့်အညီ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲဖော်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိသည်။ နွေစပါးစိုက်ပျိုးရာသီတွင် မြေယာ ထွန်ယက်ပြုပြင်ရာ၌   လယ်ယာလုပ်ငန်းခွင်သုံးစက်များကို အသုံးပြုမှု ပိုမိုများပြားလာသည်။ ရှေးဦးသီးနှံများ ရိတ်သိမ်းအပြီး စပါးများ အချိန်မီစိုက်ပျိုးရန် နွားထွန်စရိတ်ကြီးမြင့်ခြင်း၊ အချိန် စောင့်ဆိုင်းရခြင်းတို့ကြောင့် လယ်ယာသုံးစက်ကိရိယာများကို ယခင်ကထက် ပိုမိုသုံးစွဲလာကြသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် မူလက ဓားမဦးချ မိရိုးဖလာ စိုက်ပျိုးနည်းဖြင့် ဆောင်ရွက်လာကြရာ အကြောင်းအမျိုးမျိုးသော အခက်အခဲများ၊ ခေတ်မမီသည့် စိုက်ပျိုးရေးစနစ်များကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် တိုးတက်မှုနှေးကွေးသည်။ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွင် မြေယာပြုပြင်နိုင်မှုသည် အဓိက လိုအပ်ချက်ဖြစ်သည်။ လယ်ယာဦးကြီးတို့ နွားသုံးရှဉ်းဖြင့် တစ်နေ ကုန် ထွန်ယက်ပါက တစ်ဧကသာထယ်ကျွတ်နိုင်ပေရာ အချိန်ကုန် လူပန်းသည့်အခြေအနေကို ဖြတ်သန်းရသည်။

ယင်းအခက်အခဲများကိုကျော်လွှားရာတွင် စက်အင်အား၊ ဓန အင်အားများ ပါဝင်လာသည်။ စွမ်းရည်မြင့်လယ်ယာသုံးထွန်စက် များကို သုံးစွဲခြင်းဖြင့် တမန်းညက်ခြင်း၊ စပါးရှင်သန်မှုအားသာချက် အဖြစ် အထောက်အပံ့ရရှိစေသည်။ ရာသီသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်  မြေယာ ထွန်ယက်ပြုပြင်ရာတွင် စက်ကိရိယာကို ပိုမိုသုံးစွဲလာကြသည့်အတွက် ယခင်နှစ်များထက် စက်ကိရိယာများ ထူထောင်လာကြသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် တောင်သူလယ်သမားဦးကြီးများ စိုက်ပျိုးစရိတ်ချေးငွေ များကို ဘဏ်စတင်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ နှစ်စဉ် ထုတ်ချေးပေးလျက်ရှိသည်။ တောင်သူလယ်သမားကြီးများက သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီ ပြေကျေစွာပေးဆပ်ပြီး‌ နောက် ချေးငွေသစ် ထပ်မံရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံ့ဖြိုးရေးကာလကြာရှည်စွာ ဆောင်ရွက်ခဲ့ကြသည်။ COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတော်မှ ၂၀၂၀ မိုး ချေးငွေပေးဆပ်ချိန်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့အစား ၂၀၂၁  ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ တိုးမြှင့်ပြင်ဆင် ဖြေလျှော့ပေးသည်။

၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေ ၂၆ ရက်မှ ဇွန် ၃၀ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးမည်ဖြစ်ရာ တောင်သူ လယ်သမားဦးကြီးများအနေဖြင့် ချေးငွေဟောင်း ပြေကျေအောင် ပေးဆပ်ပြီး ၂၀၂၁ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူနိုင်သည်ဟု သက်ဆိုင်ရာက ကြေညာထားသည်။
လယ်ယာသုံးစက်ကိရိယာများ သုံးစွဲခြင်း၊ သွင်းအားစု စိုက်ပျိုး စရိတ်ချေးငွေများရယူနိုင်ခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးခြင်း၊ သီးနှံ မျိုးကောင်းမျိုးသန့်နှင့် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲခြင်းဖြင့် လယ်ယာကဏ္ဍတိုးတက်မြင့်မားလာမည် ဆိုချင်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ