နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးဦး လေဦး သတိပြုဆင်ခြင်

ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်ရောက်မှုများကို တွေ့ကြုံခံစားနေရပြီဖြစ်သည်။ ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ် များကထက်ပို၍ ပူနွေးလာသည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြီးသည် ကမ္ဘာ တစ်ခွင်တွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည်ကို အချိန်နှင့် တပြေးညီ တွေ့မြင်နေရသည်။

ဧပြီ၊ မေသည် ဘင်္ဂလားပင်လယ်အော်၏ မုန်တိုင်းရာသီအစ ပထမဖြစ်သည်။ ဧပြီ၊ မေလသည် အပူချိန်မြင့်မားသည့်ကာလ ဖြစ်ပြီး တစ်ခါတစ်ရံ အိန္ဒိယနိုင်ငံဘက်မှ လေပွေလှိုင်းများ မိုးတိမ် တောင်ကြီးများဖြစ်ပေါ်ကာ မိုးထစ်ချုန်းရွာခြင်း၊ မိုးသီးကြွေခြင်း များ ဖြစ်ပေါ်တတ်သည်။ အာရေဘီယံပင်လယ်၌ အားကောင်း သော တောက်တဲ့ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းကို တစ်နာရီ မိုင် ၁၁၀ နှုန်းဖြင့် တိုက်ခတ်နိုင်ကြောင်း အိန္ဒိယမိုးဇလဗေဒဌာနက သတင်း ထုတ်ပြန်ထားသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ထုတ်ပြန်ထားရာ မေ ၁၈ ရက်၊ ညနေ ၃ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့ အလယ်ပိုင်းတို့တွင် ၂၂-၅-၂၀၂၁ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။
အပူပိုင်းမုန်တိုင်းများသည် အလွန်မြင့်မားသော ရေလှိုင်းများ ကို ကမ်းပေါ်သို့တွန်းပို့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းသည် ၅ မီတာအမြင့်ရှိသော ရေလှိုင်းများကို ကီလိုမီတာ ၅၀ အထိ ကုန်းတွင်းပိုင်းသို့ တွန်းပို့နိုင်ခဲ့သည်ကို တွေ့ရှိရသည်။

ဆိုင်ကလုန်းမုန်တိုင်းနှင့်အတူပါလာသော လေမုန်တိုင်းသည် ကမ်းရိုးတန်းတစ်လျှောက် ဒေသသို့ဝင်ရောက်ပါက ကြီးမားသော အန္တရာယ်ဖြစ်ပေါ်စေသည်။ သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့်  ဆူနာမီရေလှိုင်းတို့ကဲ့သို့  သဘာဝဘေးများကို       ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင် သမျှ နည်းပါးအောင် ကာကွယ်နိုင်မည်ဖြစ်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနှင့် ထူးခြားသည့် မိုးလေဝသအခြေအနေများကို ထုတ်ပြန်လျက်ရှိရာ အဆက်မပြတ် နားထောင်ခြင်း၊ အကြံပြုချက်များလိုက်နာရန်နှင့် အခြားသူများကို မျှဝေခြင်း၊ ကောလာဟလများ သတင်းများကို မယုံရန် သတိပြုလိုက်နာစေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ