နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိုင်ကလုန်းမုန်တိုင်း "တောက်တဲ့"ကြောင့် အိန္ဒိယရှိ ရေနံမြေလုပ်သား ၁၂၀ ကျော် ပျောက်ဆုံး

နယူးဒေလီ၊ မေ ၂၀

မေ ၁၇ ရက်က အိန္ဒိယနိုင်ငံတွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း တောက်တဲ့(Tauktae)ကြောင့် Mumbai High ရေနံမြေတွင် လှေအမှတ်(၃၀၅)ဖြင့် လိုက်ပါသွားသူများအနက် ၁၂၇ ဦးမှာ ပျောက်ဆုံးနေကြောင်း အိန္ဒိယနိုင်ငံ တာဝန်ရှိသူများကထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ တာဝန်ရှိသူများအနေ ဖြင့် အဆိုပါ ပျောက်ဆုံးနေသူများ ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေကြောင်း ပြောခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် နစ်မြုပ်နေ သော လှေအမှတ် (၃၀၅) မှ ဝန်ထမ်း ၁၄၆ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ရေတပ်မှ  ရဟတ်ယာဉ်များအနေ ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ရာသီဥတုအခြေအနေ ကောင်းမွန်ချိန်ကို  စောင့်ဆိုင်းခဲ့ရ ကြောင်း၊ လက်ရှိအချိန်တွင် ကယ်ဆယ် ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း တောက်တဲ့ (Tauktae)သည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်  ကုန်းတွင်းပိုင်း သို့ တစ်နာရီလျှင် လေတိုက်နှုန်း ကီလိုမီတာ ၁၆၀ ဖြင့် တိုက်ခတ် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း တောက်တဲ့ (Tauktae)ကြောင့် အိန္ဒိယ နိုင်ငံတွင် လူ ၂၀ နီးပါးသေဆုံးခဲ့                ပြီး တစ်သိန်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ရဲခေါင် (ref;CNA)






အခြားဆက်စပ်သတင်းများ