ခတ္တမန္ဒူ၊ မေ ၂၀
နီပေါနိုင်ငံတွင် အိန္ဒိယနိုင်ငံက အစောပိုင်းကာလတွင် အစီရင်ခံထား သည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် (၂)မျိုး တွေ့ရှိရကြောင်း နီပေါကျန်းမာရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆိုပါတွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် (၂)မျိုးသည် B.1.617.1 နှင့် B.1.617.2 တို့ဖြစ်ရာ ၎င်းတို့တွင် ပို၍ အန္တရာယ်များ၊ ကူးစက်လွယ်သလို အသက်အရွယ်မရွေး ကူးစက်ပြန့်ပွား နိုင်စွမ်းရှိကြောင်း နီပေါကျန်းမာရေးနှင့် ပြည့်သူအင်အားဝန်ကြီးဌာန၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။
နီပေါ၏ ကိုဗစ်ကပ်ရောဂါလှိုင်းသစ် သည် ဧပြီလဆန်ပိုင်းတွင် စတင်ခဲ့သည်။ လက်ရှိအချိန်အထိ နီပေါနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း (၄၇၂,၃၅၄)ဦး၊ စုစုပေါင်းသေဆုံးသူ (၅,၄၁၁) ဦး ရှိကြောင်း သိရသည်။
မျိုးဝင်း(ref; Xinhua)