စင်ကာပူ၊ မေ ၂၀
စင်ကာပူနိုင်ငံတွင် ယခုသီတင်း ပတ်မှစ၍ စာသင်ကျောင်းအများစု ပိတ်ထားရန် ပြင်ဆင်နေပြီး လူငယ်များ အတွက် ကာကွယ်ဆေးထိုးအစီအစဉ် များ ရေးဆွဲနေစဉ်တွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့သည့် သန္ဓေပြောင်း ဗိုင်းရပ်စ်ကဲ့သို့ မျိုးကွဲဗိုင်းရပ်စ်များ သည် ကလေးငယ်များအပေါ် ပိုမို သက်ရောက်မှုရှိနေကြောင်း စင်ကာပူ တာဝန်ရှိသူများက မေလ တတိယပတ် အစောပိုင်းတွင် သတိပေးပြောဆို လိုက်သည်။
နိုင်ငံအတွင်းရှိ မူလတန်း၊ အလယ် တန်းနှင့် အငယ်တန်းကောလိပ်များ အားလုံးသည် မေ ၁၉ ရက်မှစတင် ၍ စာသင်နှစ်ကုန်ဆုံးသည့် မေ ၂၈ ရက် အထိ နေအိမ်တွင်သာ သင်ယူသည့် စနစ်ကို အပြည့်အဝပြောင်းလဲသွား မည်ဖြစ်သည်။ သန္ဓေပြောင်းဗိုင်းရပ်စ် အချို့သည် ပိုမိုဆိုးရွား ပြင်းထန်ပြီး ကလေးငယ်များအပေါ် ပိုမိုသက်ရောက် နေကြောင်း စင်ကာပူပညာရေးဝန်ကြီး ချန်ချွန်ဆင်းက ပြောသည်။ ရောဂါ ရှိသူနှင့် ဆက်နွှယ်ခြင်းမရှိဘဲ ကူးစက်မှု ၁၇ ဦးတွေ့ရှိခြင်းနှင့်အတူ မေ ၁၆ ရက်တွင် ပြည်တွင်း ဗိုင်းရပ်စ် ကူးစက်ခံ ရသူ စက်တင်ဘာလလယ်နောက်ပိုင်း နေ့စဉ်ကူးစက်မှု အမြင့်ဆုံးဖြစ်သည်။
ယင်းသို့ကူးစက်မှုတွင် ကျူရှင် တစ်ခုနှင့် ဆက်နွှယ်နေသည့် ကလေး ငယ် လေးဦးပါဝင်သည်။ B1 617 ဗိုင်းရပ်စ်မျိုးစိတ်သည် ကလေးငယ်များ အပေါ် ပိုမိုသက်ရောက်မှုရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဆေးဘက် ဆိုင်ရာ ညွှန်ကြားရေးမှူးကိုကိုးကား၍ ကျန်းမာရေးဝန်ကြီးက ပြောဆိုထား သော်လည်း အဆိုပါ ဗိုင်းရပ်စ်မျိုးစိတ် သစ် ကူးစက်ထားသည့် ကလေးငယ် အရေအတွက်ကိုမူ သိရှိခြင်းမရှိသေး ကြောင်း ဝန်ကြီးက ပြောသည်။
ရဲခေါင် (ref;BBC)